Wednesday, September 11, 2013

စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများမှ သိရှိလိုက်နာရမည့် ပြဌာန်းချက်များ (အပိုင်း - ၁)

၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေ
          ၁၉၅၁ခုနှစ် အလုပ်ရုံများ အက်ဥဒေကို စက်မှု့လက်မှု့လုပ်ငန်းများတွင်လုပ်ကိုင်နေသော အလုပ်သမာများဧ။် ကျန်းမာရေး ၊ အလုပ်ခွင် ဘေးအနရာယ် ကင်းရှင်းရေး၊ သက်သာချောင်ချိရေး နှင့် အလုပ်ချိန် ကန့်သတ်ရေး ကိစများအတွက် ပြဌာန်းခဲ့ခြင်း ဖြစ်ပါသည်။ဥပဒေသည် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် အာဏာသက်ရောက်စေပါသည်။
အကျူံးဝင်သည့်လုပ်ငန်းများ
          ပုဒ်မ၂(၃)၊ ၅၈ နှင့် ၄ (၅)တို့အရ အောက်ပါလုပ်ငန်းများသည် အလုပ်ရုံများ ဥပဒေနှင့် အကျူံးဝင်ပါသည်။
          (၁) အားကို အသုံးပြုပြီး အလုပ်သမား အနည်းဆုံး ၁၀ ဦး ဖြင့် ပြုလုပ်မှု့လုပ်ငန်းစဉ်တခုခုကို ဆောင်ရွက်သော အလုပ်ရုံများ ၊
          (၂)  အားကို အသုံးမပြုပဲ အလုပ်သမားအနည်းဆုံး ၂၀ ဦးဖြင့် ပြုလုပ်မှု့ လုပ်ငန်းစဉ် တခုခုကို ဆောင်ရွက်သောအလုပ်ရုံများ ၊
          (၃)   အလုပ်သမား ၁၀၀ ဦးအောက် မနည်း လုပ်ကိုင်သော ကုန်သိုလှောင်ရုံများ
          (၄)  စက်အားကို အသုံးပြုသည့် ပင်လယ်ကူး သဘောင်္ကျင်း ၊ ပင်လယ်ကူး သေဘာၤတံတား ၊ ပင္လယ္ကူး သေဘာၤ ဆိပ်ခံတံတားတို့်အပြင် ၄င်းတို့နှင့် စပ်လျဉ်း၍ အသုံးပြုသော ကုန်လှောင်ရုံများ ၊
          (၅)  ပင်လယ်ကူး သဘောင်္ပေါ်သို့ ကုန်(သို့မဟုတ်) သဘောင်္အတွက် အသုံးပြုရန်လောင်စာများ တင်ခြင်း ၊ ချခြင်း လုပ်ငန်းများ၊
          (၆)  ၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက် နေ့စွဲပါ အမိန့်ကြေငြာစာဖြင့် အကျူံးဝင်သော လုပ်သား(၁)ဦး နှင့် အထက်ရှိသော လုပ်ငန်းများ ၊
          (က)  မော်တော်ယာဉ်ပြင်ဆင်ရာဌာန
          (ခ) မော်တော်ယာဉ်ဆေးသုတ်ရာဌာန
          (ဂ) စာပုံနှိပ်အလုပ်ဌာန
          (ဃ) ဆီကြိတ် အလုပ်ဌာန
အလုပ်ရုံ အလုပ်သမား
          ပုဒ်မ ၂ (ဌ) အရ ပြုလုပ်မှု့ လုပ်ငန်းစဉ် အတိုင်း မလုပ်သည့် အခန်းနှင့် နေရာများတွင် စာရေးစာချီ လုပ်ငန်း လုပ်ဆောင်သူမှ အပ ကျန်အလုပ်သမားများ အားလုံး အကျူံးဝင်သည်။
အလုပ်ရှင်
          ပုဒ်မ ၂ (ဎ) အရ ၊ အလုပ်ရုံ လုပ်ငန်းများကို ပင်ရင်းကြီးကြပ်သူနှင့် ၄င်းတို့ကိုယ်စားလှယ် များကို အလုပ်ရှင်ဟု သတ်မှတ်နိုင်သည်။
          မှတ်ချက် ။     ပုဒ်မ ဂ(၄)အရ မန်နေဂျာ၊အသစ်ခန့်တိုင်း ပြောင်းလဲတိုင်း လုပ်ငန်းပိုင်ရှင်သည် အလုပ်ရုံနှင့် အလုပ်သမား  ဥပဒေ စစ်ဆေးရေး ဦးစီးဌာနသို့ တရားဝင် နို့တစ်စာပေးပို့ရမည် ဖြစ်ပါသည်။
လုပ်ငန်းစတင်ဆောင်ရွက်ခြင်း ပိတ်ခြင်း နှင့် ဖွင့်ခြင်း
          ပုဒ်မ ဂ(၁) အရ လုပ်ငန်းပိုင်ရှင်သည် အလုပ်ရုံ လုပ်ငန်းစတင်ဆောင်ရွက်သည်နှင့် တပြိုင်နက် ၊ ၁၅ ရက် ကြိုတင်၍ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန ရုံးများသို့ ပြဌာန်းထားသော ပုံစံနှင့် နို့တစ်စာ ပေးပို့ရပါမည်။
          ပုဒ်မ ဂ(၆) နှင့် ဂ(၇) များအရ အလုပ်ရုံကို အမြဲတန်း ဖြစ်စေ ၊ ခေတ္တဖြစ်စေ ပိတ်ခြင်း ၊ပြန်ဖွင့်ခြင်းများပြုလုပ်လိုပါက လုပ်ငန်းပိုင်ရှင်အနေဖြင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနသို့ စာဖြင့်တရားဝင် အကြောင်းကြားရန်တာဝန်ရှိပါသည်။
မတော်တဆ ထိခိုက်မှု့နှင့် လုပ်ငန်းဆိုင်ရာ ရောဂါများကို အကြောင်းကြားရန်ကိစ္စ
          အလုပ်ရုံများ အက်ဥပဒေ ပုဒ်မ ၅၃ အရ အလုပ်ရုံတွင် မတော်တဆ ထိခိုက်မှု့ကြောင့် အလုပ်သမားသည် မိမိအလုပ်ကို (၄၈) နာရီထက်မနည်း အလုပ်မလုပ်နိုင်ပါက အလုပ်ရုံနှင့်အလုပ်သမား ဥပဒေ စစ်ဆေးရေးဌာနသို့ သတ်မှတ်ထားသောပုံစံဖြင့် လုပ်ငန်းပိုင်ရှင်/ မန်နေဂျာက အကြောင်းကြားရမည်။ ထိခိုက်မှု့ကြောင့် သေဆုံးသွားပါက သေဆုံးပြီးတစ်နာရီအတွင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနသို့ အကြောင်းကြားရမည်။
          အလုပ်ရုံများအက်ဥပဒေ ပုဒ်မ ၅၄ အရ အလုပ်သမားတဦးသည် လုပ်ငန်းခွင်ရောဂါစွဲကပ် နေပါက ပိုင်ရှင်/မန်နေဂျာကသော် လည်းကောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးသို့ အကြောင်းကြားရန် တာဝန်ရှိပေသည်။
မတော်တဆထိခိုက်မှု့နှငိ့ လုပ်ငန်းဆိုင်ရာ ရောဂါများကို အကြောင်းကြားရန်ကိစ္စ
          အလုပ်ရုံများ အက်ဥပဒေ ပုဒ်မ ၅၃ အရ အလုပ်ရုံတွင် မတော်တဆထိခိုက်မှု့ကြောင့် အလုပ်သမားသည်  မိမိအလုပ်ကို(၄၈)နာရီထက်မနဲ အလုပ်မလုပ်နိုင်ပါက အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရေး ဦးစီးဌာနသို့ သတ်မှတ်ထားသော ပုံစံဖြင့် လုပ်ငန်းပိုင်ရှင် / မန်နေဂျာက အကြောင်းကြားရမည် ။ ထိခိုက်မှု့ကြောင့်သေဆုံးသွားပါက သေဆုံးပြီးတနာရီ အတွင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနသို့ အကြောင်းကြားရမည်။
          အလုပ်ရုံများအက်ဥပဒေ ပုဒ်မ ၅၄ အရ အလုပ်သမားတဦးသည် လုပ်ငန်းခွင်ရောဂါ စွဲကပ်နေပါက ပိုင်ရှင် / မန်နေဂျာ ကသော်လည်းကောင်း အလုပ်ရုံနှင့်အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးေ၇း ဥင်္ီးစီးဌာနသို့ အကြောင်းကြားရန်တာဝန်ရှိပေသည်။
လုပ်ငန်းခွင်ကျန်းမာသန့်ရှင်းရေး
          အလုပ်ရုံများ အက်ဥပဒေ အခန်း(၃)အရ လုပ်ငန်းပ်ုင်ရှင်နှင့် မန်နေဂျာတို့သည်  ကျန်းမာသန့်ရှင်းရေးနှင့် ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်ထားရန်တာဝန်ရှိသည်။
ပုဒ်မ ၁၃ (၁) - အလုပ်ခွင်ရှိ အမှိုက်သရိုက်များကို နေ့စဉ်လှည်းကျင်းခြင်း ၊
-       ကြမ်းခင်းများကို ရက်သတပတ် တစ်ပတ်လျှင် အနည်းဆူံး တစ်ကြိမ်ရေဖြင့် ဆေးကြောခြင်း နှင့် အတွင်းနံရံ မျက်နှာကြက်များကို တစ်နှစ်တစ်ကြိမ် ဆေးသုတ်ခြင်း များကို ဆောင်ရွက်ရမည်။ သဘောင်္ဆေး နှင့် အရောင်တင်ဆီများ သုတ်ပါက သုံးနှစ်တစ်ကြိမ်
သုတ်ရပါမည်။ 
ပုဒ်မ ၁၅       -     အလုပ်ရုံဧ။် အလုပ်ခန်းတိုင်းတွင် လေကောင်းလေသန့် လုံလောက်စွာ ရရှိစေရန် နှင့်        အပုအအေးမျှတစေရန် ဆောင်ရွက်ထားရမည်။
ပုဒ်မ ၁၆ -       လုပ်ငန်းခွင်မှဖြစ်ပေါ်သော အမှုန်အမွှားနှင့် အခိုးအငွေ့များသည် အလုပ်ခန်းအတွင်းစုရုံးမနေရ။ အထူးသဖြင့် ပုံသေတည်ဆောက်ထားသော အတွင်းမီးတောက်အင်ဂျင်  (Internal combustion engine) ဧ။်  အခိုးထုပ်အပေါက် (Exhaust Gas Pipe) ကို စက်ရုံအပြင်ဘက်သို့ထုတ်ထားရပါမည်။
ပုဒ်မ ၁၇         - လေကိုပိုမိုစိုထိုင်းအောင် ပြုလုပ်ရသော လုပ်ငန်းများတွင် ကျန်းမာရေးနှင့်ညီညွတ်ရန် အသုံးပြုသော ရေသည် သန့်ရှင်းသော (သို့မဟုတ်) သန့်ရှင်းအောင် ဆောင်ရွက်ထားသောရေဖြစ်ရမည်။
ပုဒ်မ ၁၈         - အလုပ်သမားများဧ။် ကျန်းမာရေးထိခိုက်အောင် လူထူထပ်ခြင်းမရှိစေရ။ အလုပ်သမားတစ်ဦး အတွက် နေရာအကျယ်အ၀န်း အနည်းဆုံး ၅၀၀ ကုဗပေ ရှိရမည်။ သို့ရာတွင် ၁၄ ပေ အမြင့်အထက်ကို ထည့်မတွက်ရပါ ။
ပုဒ်မ ၁၉         - အလုပ်ရုံအစိတ်အပိုင်း အသီးသီးတွင် အလင်းရောင်လုံလောက်စွာ ရရှိစေရန် စီမံထားရမည်။
ပုဒ်မ ၂၀         -  သန်ရှင်းသောသောက်ရေများကို လုံလောက်စွာပေးထားရမည်။ သောက်ရေကို လျှော်ဖွတ်သည့်နေရာနှင့် ကျင်ငယ်စွန့်သည့်နေရာများမှ ပေ ၂၀ အတွင်းမရှိစေရ။ လု ၂၅၀ အထက် လုပ်ကိုင်သောအလုပ်ရုံများတွင် နွေအခါများတွင် အေးမြအောင် ပြုလုပ်ပေးရမည်။
ပုဒ်မ ၂၁         - အိမ်သာများကို လုံလောက်စွာနှင့် သန့်ရှင်းစွာထားရှိပေးရမည်။ အမျိုးသားနှင့် အမျိုးသမီးများ အတွက် သီးခြားထားပြီး ထင်ရှားအောင် အမှတ်အသားပြုလုပ်ပေးရမည်။ အိမ်သာများကို အလုပ်ခန်းနှင့် တဆက်တည်းမထားရ။ အိမ်သာများကို  သန့်ရှင်းရေးအလုပ်သမား အလုံအလောက် ထားပေး ရမည်။ အလုပ်သမား ၂၅၀ ကျော်သောအလုပ်ရုံများတွင် အိမ်သာများ နှင့် ကျင်ငယ်စွန်ရန် နေရျား၌ ကြမ်းပြင်မှ ၃ပေ အမြင့်ထိ ကြွေရည်သုတ်ကျောက်ပြားများဖြင့် စီမံထားရမည့် အပြင် အနံ့ပျောက်ဆေးများ ဖြန်းထားရမည်။
အလုပ်ခွင် ဘေးအန္တရာယ် ကင်းရှင်းရန် ဆောင်ရွက်ရေး                                     
          အလုပ်ရုံများ အက်ဥပဒေအခန်း(၄) အရ အလုပ်ရှင်များနှင့် မန်နေဂျာများသညိ  အလုပ်ခွင်တွင် မတော်တဆ ထိခိုက်မှူ့များ မဖြစ်ပွားစေရန်အတွက် အောက်ပါပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
ပုဒ်မ ၂၃(၁)     -  အားပေးစက်များ ၊ အားပို့စက်များ နှင့် အခြားစက်ကိရိယာများတွင် လည်ပတ်လှုပ်ရှားနေ သောအစိတ်အပိုင်းများကို လုံခြုံခိုင်ခံ့အစွာ ကာရန်ထားရပါမည်။အားပို့စက်နှင့် အခြားစက်ကိရိယာများတွင် တည်ထားပုံကြောင့် လည်းကောင်း ၊ ကာရံထားဘိသကဲ့သို့ ဘေးကင်းပါက ကာရံရန်မလိုပါ။
ပုဒ်မ ၂၄(၁)     - အထက်ပါဖေါ်ပြသော စက်ကိရိယာများကို စက်လည်နေစဉ်တွင် စစ်ဆေးခြင်း ၊ သားရေပတ်ကြိုးတင်ခြင်းချခြင်း ၊ စက်ဆီထည့်ခြင်းစသော လုပ်ငန်းများကို အထုးသင်ကြားထားသော ယောကျာင်္း လူကြီး အလုပ်သမားများသာ ကိုယ်ကြပ်အကျီ င်္ ၀တ်လုပ်ကိုင်စေရမည်။အဆိုပါ အလုပ်သမားဧ။် အမည်ကို မှတ်ပုံတင်စာအုပ်တွင် ရေးမှတ်ထားရမည်။ သို့သော်ဗျက် ၆ လက်မထက်မကြီးသော သားရေပတ်ကြိုးများကို ကိုင်တွယ်ခြင်းမပြုရပါ။
ပုဒ်မ ၂၆         - ပူလီသေမှ ပူလီရှင်၊ ပူလီရှင်မှ ပူလီသေသို့ သားရေပတ်ကြိုးများအား ရွှေ့ပြောင်းရန် သင့်တော်သော ကရိယာထားရမည်။ ပုလီသေပေါ်သို့ သားရေပတ်ကြိုးပြန်မရောက်စေရန်လည်း စီမံထားရမည်။ အလုပ်ခန်းတိုင်းတွင် အရေးတကြီးကိစများရှိလျှင် အားဖြတ်တောက်ရန် သင့်တော်သော ကရိယာများစီမံထားရမည်။
ပုဒ်မ ၂၇         - ရှေ့တိုးနောင်ငင်သွားသည့် စက်ကိရိယာအစိတ်အပိုင်းသည် အတည်တကျ တည်ထားသောအရာတခုခုနှင့် အနည်းဆုံး ၁၈ လက်မ ကွာပေးရမည်။
ပုဒ်မ ၂၈         - အားဖြင့်မောင်းသော စက်အားလုံးတွင် အထိန်း ၀က်အူ၊၀င်ရိုးတန်းပေါ်ရှိ ဇာပီသော့ချက်၊၀င်ရိုးငယ်ဘီး၊ပင်နယံ တို့က်ို ဘေးအန၇ာယ် ကင်းအောင် မြှုပ်နှံသော် လည်းကောင်း အိမ်ဖွဲ့ကာရံသော်၎င်း ထားရှိရမည်။
ပုဒ်မ ၂၉         - ၀ါဖက်စက်များတွင် ၀ါထည့်ရာဘက်နှင့် ၀ါထုတ်ရာဘက်ကို လိုအပ်သလိုကာရန်မထားလျှင် အမျိုးသမီးများနှင့် ကလေးများကိုမခိုင်းရပါ။
ပုဒ်မ ၃၀         - မြှောက်စက်၊ပင့်စက် ၊ကရိန်းစက်များကို တောင့်တင်းခိုင်မာသော ပစည်း ဆောက်လုပ်ထားရန် ၊ အများဆုံးနှင့်
ပုဒ်မ ၃၁         - သယ်ယူခွင့်ရှိသော ၀န်ချိန်များကိုမြင်သာအောင် ရေးထားရန်နှင့် ယင်းဝန်ချိန်ထက် ပိုမတင်ရန် ၊ မြှောက်စက်နှင့် ပင့်စက်များကို ၆ လ တကြိမ်နှင့် ၊ ကရိန်းစက်များကို ၁၂ လတစ်ကြိမ် စစ်ဆေးပိုင်ခွင့်ရှိသူက စစ်ဆေး၇န်၊ယင်းသို့ စစ်ဆေးသည့်နေ့ ပြုပြင်သည့်အချက်များကို (Register) စာအုပ်တွင် ရေးသွင်းထားပါရန်လိုပါသည်။
ပုဒ်မ ၃၂         - လည်ပတ်နေသော စက်ကိရိယာများကို သတ်မှတ်ခွင့်ပြုထားသည့် အမြန်ဆုံး လည်ပတ်နိုင်သော အရှိန်ထင်ပိုမလည်၇န် ၊ ယင်းအရှိန်များကို စာဖြင့်ရေးစက်အနီးတွင် ချိတ်ဆွဲထား၇န် လိုအပ်ပါသည်။
ပုဒ်မ ၃၃         - တိုးအားစက်များတွင် ဘေးရန်ကင်းရှင်းစွာ အသုံးပြုနိုင်သော တိုးအားထက် ပိုအသုံးမပြုစေ၇န် အစီအမံများထား၇မည်။
ပုဒ်မ ၃၄ နှင့် ပုဒ်မ ၃၅   - ကြမ်းပြ၊င်၊လှေကားနှင့် သွားလမ်းတို့ကို ကောင်းမွန်စွာ ဆောက်လုပ်နေထားတကျ ပြုပြင်ထားရန်နှင့် ခိုင်ခံ့သောလက်ရမ်းများ တပ်ဆင်ပေးရန် တွင်း ၊ လှောင်ကန် ၊ ကြမ်းပေါက် စသည်များကို လုံခြုံစွာ ဖုံးအုပ်ထားရန် (သို့မဟုတ်) လက်ရမ်းထားပေးရန်။
ပုဒ်မ ၃၆         - မိန်းမ နှင့် လူငယ်များကို အလွန်အမင်းလေးသော ၀န်ချိန် များကို ပင့်မရန်မခိုင်းစေရပါ။
ပုဒ်မ ၃၈         - အနရာယ်ဖြစ်စေသည့် အခိုးအငွေ့များကို အောင်းနိုင်သော အခန်းနှင့် လှောင်ကန်စသည် တို့တွင် ကယ်ပေါက်မရှိပါက မည်သုကိုမျှ ၀င်ခွင့်မပြုရ ၊ ထိုနေရာတွင် (၂၄) ဗို့ထက်ပိုသော လျှပ်စစ်ဓါတ်မီးကို အသုံးမပြုရ။ မီးလောင်နိုင်သော အခိုးအငွေ့များ ခိုအောင်းနိုင်သောနေရာ ဖြစ်ပါက မီးမကူးနိုင်သော ဓါတ်မီး စမ်းသပ်ပြီးနောက် အနရာယ်ကင်းကြောင်း စာဖြင့် လက်မှတ်ထုတ်ပေးမှ လူများဝင်ရောက်ရမည် ၊ ၀င်ရောက်သုတွင် အသက်ရှူကိရိယာ ၊ အသက်ကယ်ခါးပတ် နှင့် ကြိုးစသည်များ ပြည့်စုံအောင် ရှိရမည်။ ၄င်းအပြင် ၀င်ရောက်သည့်နေရာတွင် ဘွိုင်လာ ၊ မီးဖို ၊ ပေါင်းအိုးစသည်များ ဖြစိက လုံလောက်စွာ အေးအောင် ပြုပြီးမှ ၀င်ရောက်ရမည်။
ပုဒ်မ ၃၉         - အလုပ်ရုံများတွင် မီးလောင်ပေါက်ကွဲနိုင်သော အခိုးအငွေ့ရှိသည့် လုပ်ငန်းစဉ်များရှိပါက ယင်းစက်ကိရိယာများကို လုံခြုံစွာ ကာရံထားခြငိး အခိုးအငွေ့များ အများအပြားစုဝေးမှု့မရှိအောင် ဆောင်ရွက်ခြငိး မီးကူးနိုင်သည့်အရာအားလုံးကို ကင်းလွတ်စွာထားခြင်း ၊ ပေါက်ကွဲမှု့ကို ထိန်းချုပ်နိုင်သည့် Chokes များ ၊ Baffles များ ၊ Vents များ ထားခြင်း စသောအစီအမံများ ဆောင်ရွက်ထားရမည်။ ၄င်းအပြင် အဆိုပါ အခိုးအငွေ့များ ခိုအောင်းနေသောနေရာများကို ဂဟေဆော်ခြင်း မီးနှင့်ဖြတ်တောက်ခြင်း များကိုလုပ်ရန် ရှိပါက ဦးစွာအခိုးအငွေ့များကိုဖယ်ရှားပြီး စမ်းသပ်ပိုင်ခွင့်ရှိသူက သေချာစွာ စမ်းသပ်လျှက် အနရာယ် ကင်းကြောင်းစာဖြင့် လက်မှတ်ရေးထိုးပေးမှသာလျှင် လုပ်ဆောင်နိုင်သည်။
ပုဒ်အ ၄၀        - အလုပ်ရုံတိုင်းတွင် မီးလောင်လျှင် လွတ်မြောက်နိုင်ရန် စီမံချက်များ အရေးပေါ်ထွက်ပေါက် များ ၊ မီးအချက်ပေးကရိယာများကို ဆောင်ရွက်ထားရမည်။ အရေးပေါ်ထွက်ပေါက်များ ၊ မီးအချက်ပေးကရိယာ များကိုဆောင်ရွက်ထားရမည် ။ အရေးပေါ်ထွက်ပေါက်များကို သိသာစေရန်စာဖြင့် ရေးမှတ်ပြထားခြင်း ၊ ယင်းထွက်ပေါက်များသို့သွားရာလမ်းများကို စနစ်တကျသတ်မှတ်ထားရှင်းလင်းထားခြင်းများကို ဆောင်ရွက် ထားရမည်၊ ၄င်းအပြင် တံခါးများအားလူံးသည် အပြင်ဖွင့် တံခါးများဖြစ်ရမည်။
ပုဒ်မ ၄၁         - အလုပ်ရုံအဆောက်အဦး စက်ကိရိယာအစရှိသည့် လူ့အသက်ဘေးရန်ကိုဖြစ်စေမည်ဟု ယုဆဖွယ်ရာအကြောင်း  နှင့်
ပုဒ်မ ၄၂         -  ရှိပါက အလုပ်ရုံနှင့် စစ်ဆေးရေးမှူးသည် လိုအပ်သောပုံစံများ ၊ စမ်းသပ်ချက်များကို တောင်းဆိုနိုင်သည့်အပြင် ပြင်ဆင်သင့်သည့် ကိစရပ်များကို တောင်းဆိုနိုင်သည့်အပြင် ပြင်ဆင်သင့်သည့်  ကိစရပ်များကို မည်သည့်နေ့ မတိုင်မှီ ပြုပြင်ရမည်ဟု အမိန့်ချမှတ်နိုင်သည်။ အကယ်လိုအပ်ပါက ပြုပြင်မပြီးမချင်းစက်မလည်ရဟု တားမြစ်နိုင်သည်။
 အလုပ်ခွင်သက်သာချောင်ချိရေးအတွက်ဆောင်ရွက်ရန်
          လုပ်ငန်း                                                         ပိုင်ရှင်နှင့် မန်နေဂျာများသည် အလုပ်ခွင်သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးရန် အောက်ပါအတိုင်းဖြစ်သည်။
ပုဒ်မ ၄၄         - အလုပ်ရုံတိုင်းတွင် ဆေးကြောလျှော်ဖွတ်ရန် အခွင့်အလမ်းများကို ယောင်္ကျားများ နှင့် မိန်းမများ အတွက် သီးခြားလုံလောက်စွာ ထားပေးရမည်။
ပုဒ်မ ၄၆         - အလုပ်လုပ်ရာတွင် ထိုင်ခွင့်ကြုံက ထိုင်နိုင်ရန် ထိုင်ခုံများထားပေးရမည်။
ပုဒ်မ ၄၇         - အလုပ်ရုံတိုင်းတွင် ရှေးဦးသူနာပြု ဆေးသေတာများကို အလုံအလောက်ထားပေးရန်နှင့် အလုပ်သမား ၂၅၀ ကျော်သော အလုပ်ရုံများတွင် ဆရာဝန်နှင့် သူနာပြုဆရာ ကြီးကြပ်သော ဆေးခန်းများ ထားရှိရမည်။
ပုဒ်မ ၄၉         - အလုပ်သမား ၁၀၀ ကျော်ရှိသော အလုပ်ရုံများတွင် အနားယူခန်း နှင့် အစားစားခန်းများ ထားပေးရမည်။
ပုဒ်မ ၅၀         - အမျိုးသမီး အလုပ်သမား ၅၀ ကျော် ရှိသောအလုပ်ရုံများတွင် ခလေးထိန်းခန်းများ ထားရှိပေးရမည်။
ပုဒ်မ  ၅၉        - လူကြီးအလုပ်သမားများအား ရက်သတပတ်လျှင် (၄၄)နာရီ ထက်ပိုအလုပ်လုပ်ခွင့် မပြုရ။ အဆက်မပြတ်လုပ်ရသော လုပ်ငန်းများတွင် တပတ်လျှင် (၄၈) နာရီ အလုပ်လုပ်နိုင်သည်။
ပုဒ်မ ၆၀         - လုကြီး အလုပ်သမား များအား တပတ်လျှင် တရက်(တနင်္ဂနွေ) အလုပ်ပိတ်ပေးရမည်။ ထိုနေ့အလုပ်လုပ်ရန် လိုအပ်လျှင် ထိုနေ့မတိုင်မှီ (၃)ရက်နှင့် ကျရောက်ပြီး (၃)ရက်အတွင်း တရက်ရက်တွင် အစားထိုးပိတ်ပေးရမည် ဖြစ်ပါသည်။ သို့ အစားထိုးမည်ဖြစ်ကြောင်းကိုလဲ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနသို့ ကြိုတင်အကြောင်းကြားရမည်။ ရက်စားမပေးပဲ ခိုင်းစေပါက ယင်းရက်များကို သတ်မှတ်ကာလအတွင်း ပြန်လည်ခံစားခွင့် ပေးရမည်ဖြစ်သည့်အပြင် အချိန်ပို ပြဌာန်းချက်နှင့် အညီ အခွင့်အရေးပေးရပါမည်။
ပုဒ်မ ၆၂         - လုကြီးအလုပ်သမားများအား တစ်ရက်လျှင် (၈)နာရီထက် ပိုအလုပ်မလုပ်ရ (သို့မဟုတ်) လုပ်ခွင့်မပြုရ။
ပုဒ်မ ၆၃ နှင့်
ပုဒ်မ ၆၄         - လူကြီးအလုပ်သမားများအား အနည်းဆုံး နာရီဝက်အနားမပေးဘဲ (၅)နာရီထက်ပိုအလုပ်မလုပ်စေရ ၊ အလုပ်ချိန် နှင့် နားချိန် (၂)ခု ပေါင်းသည်လဲ(၁၀)နာရီ ထက်မပိုစေရ။
ပုဒ်မ ၆၅         - ညဥ့်နက်သန်းခေါင်ကျော်အလုပ်လုပ်ရသော အလှည့်များတွင် သန်းခေါင်အချိန် ကျပြီးနောက် အလုပ်လုပ်ရသည့်အချိန်များကို လွန်ခဲ့သောရက်ထဲသို့ ထည့်သွင်းရမည်။
ပုဒ်မ ၆၆         - အလှည့်စနစ်ဖြင့် လုပ်ပါက တမျိုးထဲသော အလုပ်အလှည့်များ မထပ်စေရ။
ပုဒ်မ ၆၇ နှင့် ပုဒ်မ ၆၉ - အလုပ်သမားများ မည်သည့်အချိန်တွင် အလုပ်လုပ်ကြောင်း ရေးသားထားသော အလုပ်လုပ်ချိန် နို့တစ်စာကို အလုပ်ရုံတွင် အများမြင်နိုင်သောနေရာများတွင် ချိတ်ဆွဲထားရမည်။ ၄င်းအပြင် ယင်း နို့တစ်စာတွင် ဖေါ်ပြသော အလုပ်ချိန်နှင့် လွှဲအလုပ်သမားများအား အလုပ်မလုပ်စေရ။
ပုဒ်မ ၆၈         - အလုပ်သမားများဧ။် အမည် အလှည့် အလုပ်ဆင်း အလုပ်တက် နှင့် အခြားအကြောင်းအရာ များကို အချိန်မှန်မှန် မှတ်တမ်းတင်ထားသည့် (Register) စာအအုပ်ထားရှိရမည်။
ပုဒ်မ ၇၀         - ကန့်သတ်ထားသော အလုပ်ချိန်ထက် ပိုသော်လည်းကောင်း ၊ လွှဲသော်လည်းကောင်း၊ ခိုင်းစေလိုပါက အချိန်ပိုလုပ်ခွင့်ကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနသို့ လျှောက်ထားခွင့်ပြုချက်ယူရမည် ဖြစ်ပါသည်။ သို့သော် အရေးတကြီးပြင်ဆင်ရန်လိုသော အလုပ်များ ရေနံနှင့် သတုတွင်းများမှ ထုတ်လုပ်ရေးကိစများ ၊ အဆိုင်းစနစ်တွင် အဆိုင်းလဲမည့်အလုပ်သမား အချိန်မီမလာရောက် သည့်ကိစ္စများ ဘွိုင်လာထိန်းသိမ်းရသောအလုပ်သမားများ ၊ သဘောင်္ကျင်း တင်ခြင်းချခြင်း အလုပ်များတွင် အချိန်ပိုလုပ်ခွင့်ကြိုတင်လျှောက်ထားရန် မလိုပါ ၊ လိုအပ်သလို လုပ်ကိုင်ပြီး ထိုသို့လုပ်ကိုင်သောအချိန်များက်ို စုပေါ်င်း၍ လစဉ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနသို့ လျှောက်ထား၍ ခွင့်ပြုချက်ယုရမည် ဖြစ်သည်။ 
ပုဒ်မ ၇၃         - အချိန်ပိုလုပ်ကိုင်ရသော အလုပ်သမားများအား အချိန်ပို လုပ်ခအဖြစ် မည်သည့်စရိတ်မှ မပါသော မုရင်းအခြေခံ လစာဧ။် ၂ ဆ ကိုခံစားခွင့်ပြုရပါမည်။
စစ်ဆေးရန်တာဝန်ရှိသူများ
          အလုပ်ရုံများအက်ဥပဒေပါ ပြဌာန်းချက်များအတိုင်း ဆောင်ရွက်ရန် ကိစများကို ဆောင်ရွက်ထားမှု့ ရှိမရှိ ကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ စစ်ဆေးရေးမှူးရုံးများက အလုပ်ရုံများအက်ဥပဒေ ပုဒ်မ ၁၁ အရ ၀င်ရောက်လိုအပ်သလိုစစ်ဆေးပြီး လိုအပ်သော အထောက်အထား စာရွက်စာတမ်းများကို တောင်းခံနိုင်ပါသည်။
ပြစ်ဒဏ်
          အလုပ်ရုံများအက်ဥပဒေပါ ပြဌာန်းချက်များကို ဆောင်ရွက်ရန်တာဝန်ရှိပြီး ဆောင်ရွက်ရန် ပျက်ကွက်သော လုပ်ငန်းပိုင်ရှင် / မန်နေဂျာများ အပေါ် ၁၉၆၄ ခုနှစ် ပြည်သူ့ အလုပ်သမားများဧ။် အခြေခံ ရပိုင်ခွင့်နှင့် တာဝန်များပြဌာန်းသည့် ဥပဒေပုဒ်မ ၁၁ အရ ထောင်ဒဏ်(၂)နှစ် အထိ တရားရုံးမှ အပြစ်ပေးနိုင်သည်။
၁၉၅၁ ခုနှစ် ၊ ဆိုင်များနှင့် အလုပ်ဌာနများ အက်ဥပဒေ
          ၁၉၅၁ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ အက်ဥပဒေသည် နိုင်ငံတော်သမ္မတက အခါအားလျော်စွာ အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သတ်မှတ်ထားသော ဒေသများ၌ အာဏာသက်ရောက်ပါသည်။
          ၁၉၅၁ ခုနှစ် ၊ ဆိုင်များနှင့် အလုပ်ဌာနများ နည်းဥပဒေများအား (၈.၈.၅၃)နေ့တွင် အာဏာသက်ရောက်စေပါသည်။
          (၂၃.၁၁.၅၄)နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၁၂၈)ဖြင့် ကြော်ငြာထားသောဆိုင်(၉)မျိုးရှိပါသည်။
အကျူံးဝင်သည့် လုပ်ငန်းများ
          အလုပ်သမား ၀န်ကြီးဌာနမှ အခါအားလျော်စွာ ထုတ်ပြန်သောအမိန့်ကြော်ငြာစာဖြင့် အကျူံးဝင်သော မြို့ဧ။် စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ အောက်ပါလုပ်ငန်းဌာနများ အကျူံးဝင်ပါသည်။
          (က)    ဆိုင်နှင့် အလုပ်ဌာနများ ဥပဒေအရ ဆိုင်/ကုန်သွယ် အလုပ်ဌာန ၊ အများပျော်ရွှင်ရေး အလုပ်ဌာနများ အပြင် သတ်မှတ်ထားသော လုပ်ငန်းများ ၊
          (ခ)     ယင်းဥဒေ ပုဒ်မ ၄ (၁)(က) အရ ဆိုင်ဖြစ်သည်ဟု ကျေညာထားသော ဆိုင်လုပ်ငန်း (၉) မျိုး
          (ဂ)     တစ်ပြည်လုံးရှိ အလုပ်ရုံများ ၊ ရေနံမြေများ ၊ သတ္တုတွင်းများရှိ စာရေးစာချီဌာနများတွင် လုပ်ကိုင်နေကြသော အသက်(၁၃) နှစ်အထက်ရှိ အလုပ်သမားများ
အဓိပ္မါယ်ဖွင့်ဆိုချက် (ပုဒ်မ -၂)
          (က) ဆိုင်
                - ကုန်စည်ပစ္စည်း / ၀တ္ထုပစ္စည်း တစ်ခုခုကို လက်လီ/လက်ကား ဖြစ်စေ လက်ငင်းဖြစ်စေ / အကြွေးဖြစ်စေ ရောင်းချရန် အလို့ငှာ လုံးဝတစိတ်တဒေသ အသုံးပြုရောင်းချသော ဥပစာ
               - ဆံသလုပ်ငန်း
               - အလှပြုပြင်ရေးလုပ်ငန်း
               - ဆိုင်ဟုကျေညာထားသော အလုပ်ဌာန(၉)မျိုး
          (ခ) ကုန်သွယ်အလုပ်ဌာန(၉)မျိုး
          (ဂ) အများပျော်ရွှင်ရေး အလုပ်ဌာန
လုံးဝခိုင်းစေခွင့် မရှိသူ (ပုဒ်မ - ၈)
          အသက် (၁၃)နှစ် မပြည့်သေးသော ကလေးများအား ဆိုင် ၊ ကုန်သွယ် အလုပ်ဌာန ၊ အများပျော်ရွင်ရေး အလုပ်ဌာနများတွင် အလုပ်မလုပ်စေရ ၊ လုပ်ခွင့်မပြု ။
တစ်ပတ် တစ်ရက် နားခွင့် (ပုဒ်မ -၆)
          -ဆိုင်/ အလုပ်ဌာနကို တပတ်လျှင်တစ်ရက် ပိတ်၇မည်။
          -နားခွင့် ပေးသည့်အတွက် လုပ်ခကို လစာမှမဖြတ်ရ။
          -အလုပ်သမားအားလုံးအတွက် တစ်ဦးစီ၏ နားရမည့်နေ့ရက်ကို ကြိုတင်သတ်မှတ်ထားရမည်။
အလုပ်သမားတစ်ဦးအား အလုပ်လုပ်ခွင့်ပြုသည့် အချိန်ကာလ
{ပုဒ်မ   -   ၇ (၂)}
-      တစ်နေ့ (၈)နာရီ / တစ်ပတ် (၄၈) နာရီ
တစ်နေ့အတွင်း အနားပေးရမည့် အလုပ်ချိန် [ပုဒ်မ - ၇(၄) ]
          အလုပ်သမားများအား တစ်နေရ(၈)နာရီ အထိ ခိုင်းစေခွင့်ပြုသော်လည်း အနည်းဆုံး မိနစ် (၃၀) အနားမပေးဘဲ တဆက်တည်း(၅) နာရီထက်ပိုမလုပ်စေရ ၊ လုပ်ခွင့်မပြု ရပါ။
အလုပ်ချိန် စိစစ်ခြင်း {ပုဒ်မ   -  ၇ (၆) }
လုပ်ငန်းအမျိုးအစား                         တစ်နေ့အလုပ်ချိန် + နားချိန်                = စုစုပေါင်း
ဆိုင် / ကုန်သွယ်ဌာန                                 ၈ နာရီ    +  ၃ နာရီ                 = ၁၁ နာရီ
အများပျော်ရွှင်ရေး အလုပ်ဌာန                     ၈ နာရီ     + ၆ နာရီ                   = ၁၄ နာရီ
ဆိုင် ၊ လုပ်ငန်း ၊ အလုပ်ဌာနများ၏ ဖွင့်ချိန် နှင့် ပိတ်ချိန် {ပုဒ်မ - ၇ (၁) (၅) }
                                                     ဖွင့်ချိန်                                          ပိတ်ချိန်
ရိုးရိုးဆိုင်                                     နံနက် ၅ နာရီ                                       ည ၉ နာရီ
စားးသောက်ဆိုင်                           နံနက်  ၅ နာရီ                                      နံနက် ၁ နာရီ
ကုန်သွယ်အလုပ်ဌာန                     နံနက်    နာရီ                                      ည ၉ နာရီ
အများပျော်ရွှင်ရေးအလုပ်ဌာန           နံနက်  ၉ နာရီ                                       နံနက်  ၁ နာရီ
အလုပ်ချိန် နို့တစ်စာတွင် မှန်ကန်စွာရေးသွင်းပြီး မြင်သာသောနေရတွင် ချိတ်ဆွဲထားခြင်း (ပုဒ်မ - ၁၁ )
          သတ်မှတ်ပုံစံ (၃) မျိုးအနက် ဖွင့်လှစ်ဆောင်ရွက်မည့် ပုံစံတစ်ခုကို မှန်ကန်စွာ ဖြည့်သွင်းပြီး ပိုင်ရှင်မှ လက်မှတ်ရေးထိုးကာ အများမြင်သာသောနေရာတွင် ချိတ်ဆွဲထားရမည်။ ပျက်ကွက်ပါက ဥပဒေကြောင်းအရ   အရေးယူပိုင်ခွင့်ရှိသည်။
မှတ်ပုံစာအုပ်ထားရှိခြင်း { ပုဒ်မ -  ၄ (၁) (၂) }
          သတ်မှတ်ထားသော အလုပ်သမားမှတ်ပုံတင်ပုံစံ (၂) စာအုပ်တွင် နေ့စဉ် ပြည့်စုံမှန်ကန်စွာ ရေးသွင်းရမည်။ (၁၂) လ ထိန်းသိမ်းထားရမည်။
ဆိုင် နှင့် အလုပ်ဌာန အမျိုးအစား (၂)  မျိုး
          တစ်ပတ် (၁) ရက်  ပိတ်ရန်လိုသည့်ဆိုင် / အလုပ်ဌာန များ
          တစ်ပတ် (၁) ရက် ပိတ်ရန်မလိုသည့်ဆိုင် / အလုပ်ဌာနများ
တစ်ပတ်တစ်ရက် ပိတ်ရန်မလိုသည့်ဆိုင် / အလုပ်ဌာနများ { ပုဒ်မ - ၅ (၂) }
          တစ်ပတ်လျှင်တစ်ရက် ပိတ်ရန်မလိုသော်လည်း အလုပ်သမားများအား တစ်ပတ်တစ်ရက် လုံးဝအနားပေးခြင်းအလုပ်ချိန် နားချိန် သတ်မှတ်ချက်များ နှင့် အညီသာ ခိုင်းစေခြင်းပြုရပါမည်။
အခကြေးငွေပေးခြင်း (ပုဒ်မ - ၉)
          လကုန်ပြီး လဆန်း(၇) ရက်အတွင်း လုပ်ခလစာများ ထုတ်ပေးရပါမည်။
အချိန်ပိုလုပ်ခွင့် { ပုဒ်မ - ၇(၂)}
          တစ်နှစ်လျှင် အချိန်ပိုနာရီ (၆၀) သာခွင့်ပြုပါသည်။
အချိန်ပို လုပ်ခ (ပုဒ်မ - ၁၀ )
          သာမန်အခကြေးငွေ / အခြေခံ လစာ၏ (၂) ဆ နှုန်းဖြစ်သည်။
သာလွန်ကောင်းမွန်သော အခွင့်ထူး (ပုဒ်မ - ၁၈ )
          ဥပဒေ အာဏာသက်ရောက်သော နေ့တွင်
-      တည်ဆဲဥပဒေ တခုခုအရ လည်းကောင်း
-      ပဋိညာဉ် စာချုပ်အရလည်းကောင်း
-      ဓလေ့ ထုံးစံ အရလည်းကောင်း
အလုပ်သမား ရရှိသော အခွင့်အရေးသည် ဥပဒေပါ အခွင့်အရေးထက် ပိုမိုကောင်းမွန်နေပါက ဥပဒေ ကြောင့် မနစ်နာစေရပါ။
ဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ၏ ဆောင်ရွက်ပိုင်ခွင့်များ
-      စစ်ဆေးပိုင်ခွင့် (ပုဒ်မ -  ၁၃ )
-      အရေးယူ ပိုင်ခွင့် { ပုဒ်မ - ၁၄ (၃ ) }
-      တရားစွဲဆို ပိုင်ခွင့် { ပုဒ်မ  - ၁၅ (၂)
ပြစ်ဒဏ်
          ဥပဒေပါ ပြဌာန်းချက်များကို ချိုးဖေါက်ပါက ထောင်ဒဏ် (၂ ) နှစ်ထိ တရားရုံးမှအပြစ်ပေးနိုင်သည်။
၁၉၅၁ ခုနှစ် ၊ ခွင့်ရက် နှင့် အလုပ်ပိတ်ရက်အက်ဥပဒေ
ရည်ရွယ်ချက်
          မြန်မာနိုင်ငံရှိ စက်ရုံ ၊ အလုပ်ရုံ ၊ အလုပ်ဌာန ၊လုပ်ငန်းများမှ အလုပ်သမားများအား အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနည်းတူ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များရရှိစေရန် တနည်းအားဖြင့် အလုပ်လုပ်ကိုင်နေစဉ် အတွင်း လူမှု့ရေး ၊ ဘာသာရေး နှင့် ကျန်းမာရေးဆိုင်ရာ ကိစများပေါ်ပေါက်လာပါက  ကြောင့်ကြမှု့မရှိစေဘဲ လုပ်ခမပျက် ဆောင်ရွက်နိုင်၇န်ုဖြစ်သည်။
စတင်အာဏာ တည်သည့်နေ့ နှင့် ဒေသ
-      ၁၉၅၂ ခုနှစ် ၊ ဇန်န၀ါရီလ (၁ ) ရက်
-      မြန်မာနိုင်ငံ တစ်ဝှမ်းလုံး ။
အကျူံးဝင်သော အလုပ်သမားများ ပုဒ်မ ၃ (၄) ဇယား
          (က) အလုပ်ရုံများ ဥပဒေ၊ ဆိုင်များ နှင့် အလုပ်ဌာနများ ဥပဒေ ၊ မီးရထားဥပဒေ ၊ ရေနံမြေ ဥပဒေ ၊
သတုတွင်း ဥပဒေ ၊ ရန်ကုန်ဆိပ်ကမ်း ဥပဒေ တို့နှင့် အကျူံးဝင်သည့် အလုပ်သမားများ ၊
          (ခ) တည်ဆဲဥပဒေ တစ်ခုခု ခွင့်ရက်နှင့် အလုပ်ပိတ်၇က်များ ခံစားရခြင်းမရှိသည့် အစိုး၇ ၊ လက်အောက်ခံအဖွဲ့ ၊ ဒေသနရ အာဏာပိုင်အဖွဲ့ လက်အောက်ရှိ အလုပ်သမားများ ၊
အကျူံးမ၀င်သော အလုပ်သမားများ ပုဒ်မ ၂ (၄)
          (က) ကိုယ်ပိုင်လုပ်ငန်းမှ မိသားစုများ (အရင်း)
          (ခ) အမြတ်အစွန်းမှ လုပ်ခ ဝေစုရသူများ
          (ဂ) အိမ်တွင်းကိစအတွက် ခိုင်းစေခံရသုများ
          (ဃ) အခြားတည်ဆဲ ဥပဒေတစ်ခုခုအရ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ကို ခံစားရရှိသည့် အစိုးရ၀န်ထမ်းများ၊
          (င) အနည်းဆုံး အခကြေးငွေ အမိန့်နှင့် အကျူံးဝင်သည့် အလုပ်သမားများ ၊
ဥပဒေပြဌာန်းချက်များ
          (က) ရှောင်တခင်ခွင့် ။      ။ ပုဒ်မ (၅) လုပ်ခဖြင့် တစ်နှစ် (၆) ရက်
                      (၁) တစ်ကြိမ်လျှင် (၃) ရက်ထိ
                       (၂) အခြားခွင့်နှင့် ပေါင်းစပ်ယူခွင့်မရှိ ၊
                        (၃) သက်ဆိုင်ရာနှစ်တွင် မယူက ပျက်ပြယ်၊
          (ခ) ဆေးလက်မှတ်ခွင့် ။           ။ ပုဒ်မ (၆)လုပ်ခ ဖြင့် တစ်နှစ်(၃၀) ရက်ထိ
                       (၁) လုပ်သက် (၆) လ ပြည့်သူဖြစ်ရမည်။
                       (၂) လုပ်သက်(၆ )လ မပြည့်က လစာမဲ့ဖြင့်ခံစားနိုင်၊
                      (၃) လုပ်သက်ခွင့်ကို ပေါင်းစပ်ယူနိုင် ၊
                       (၄) သက်ဆိုင်ရာနှစ်တွင် မယုက ပျက်ပြယ် ၊
                       (၅) မှတ်ပုံတင် ဆရာဝန် ၊ အစိုးရ ဆရာဝန်၏ ဆေးလက်မှတ် ရယူရမည်။
          (ဂ) လုပ်သက်ခွင့်ရက် ။             ။ ပုဒ်မ (၄)
                   (၁) လုပ်သက် (၁၂) လ တဆက်တည်း ပြည့်ပြီး လစဉ်အနည်းဆုံး အလုပ်လုပ်ရက် (၂၀) ရက်ရှိပါက (၁၀) ရက်ခံစားခွင့်ရှိသည်။
             (၂)  ပျှမ်းမျှ အခကြေးငွေ / လစာဖြင့်ပေးမည်။
             (၃) ၁၂ လ အတွင်း
                    (က)  မကျန်းမာ + မတော်တဆ ထိခိုက် + ဥပဒေ အရ ခွင့်ပြုသော အခြားပျက်ကွက်မှု့ များသည် ရက်ပေါင်း (၉၀ ) မကျော်လွန်ပါက
                     (ခ)   အလုပ်ရှင်က အလုပ်ပိတ် + ရံဖန်ရံခါ အလုပ်မရှိခြင်း + ဥပဒေ နှင့် မညီသည်လည်း မဟုတ်သော သပိတ်မှောက်ခြင်းတို့ကြောင့် ပျက်ကွက်မှု့သည် ရက်ပေါင်း (၃၀) မကျော်လွန်ပါက တဆက်တည်း (၁၂) လပြည့်အောင် အလုပ်လုပ်သည်ဟု မှတ်ယုရပါသည်။
          (၄)  (၂၀) ရက်ပြည့်အောင် မလုပ်ခဲ့သည့် လတိုင်းအတွက်  လုပ်သက်ခွင့်ရက်မှ တစ်ရက်စီဖြတ်တောက်နိုင်သည်။
          (၅)  အလုပ်သမား၏ လုပ်သက် (၁၂)လ ကာလ အပိုင်းအခြား၏  နောက်ဆုံးနေ့မှ (၃)လ အတွင်း ပိုင်ရှင်မှ လုပ်သက်ခွင့် ပေးရန်စီစဉ်ပေးရမည်။
          (၆) အလုပ်ရှင် အလုပ်သမား သဘောတူပါက (၃) နှစ် ကာလ အထိ စုဆောင်းနိုင်သည်။
          (၇) ခွင့်မသွားမီ ခွင့်လုပ်ခကို ကြိုတင်ထုတ်ပေးရမည်။
          (၈) ခွင့်မယူမီ အလုပ်ထွက်/ ထုတ် / သေဆုံးပါက လွန်ခဲ့သော ရက်ပေါင်း(၃၀)အတွင်း လုပ်ခဲ့သည့် ရက်များတွင် ပျှမ်းမျှ နေ့စဉ်နှုန်းထား နှင့် ညီမျှသော ခွင့်အတွက် လုပ်ခဖြင့် လက်ကျန်လုပ်သက်ခွင့်အစား လုပ်ခကို အလုပ်ဖွင့်သည့် ဒုတိယနေ့တွင် ထုတ်ပေးရမည်။
          (ဃ) အများ အလုပ်ပိတ်ရက် ။       ။ပုဒ်မ (၃)
                    (၁) မူလပြဌာန်းစဉ်က (၁၄) ရက်သာ ရှိပြီး ၊ ၂၈.၁၂.၆၄ နေ့မှစ အစိုးရရုံးပိတ်ရက်များ အတ်ုင်း ဖြစ်သည်။ (ပျှမ်းမျှ တစ်နှစ် - ၂၆ ရက်)
                    (၂) အများအလုပ်ပိတ်ရက်တွင် လုပ်ခအပြည့်ဖြင့် အနားပေးရမည်။ အများအလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရပါက အခြေခံလုပ်ခ (၂)ဆ နှင့် ထိုနေ့အတွက် ရမြဲရှားပ်ါးစရိတ်ကိုလဲ ခံစားခွင့်ရှိသည်။
                   (၃) အများအလုပ်ပိတ်ရက်တွင် အလုပ်ပိတ်ပါက ရှေ့ (၃) ရက် နောက် (၃) ရက်မူအရ ခံစားခွင့်ပေးရမည်။
                   (၄) ပုတ်ပြတ် အလုပ်သမားဖြစ်ပါက အများအလုပ်ပိတ်ရက်အတွက် လုပ်အားခပေးမှု့တွင် အများအလုပ်ပိတ်ရက်မတိုင်မှီ (၇) ရက်အတွင်း အမှန်တကယ်ရရှိခဲ့သည့် လုပ်ခစုစုပေါင်းကို အမှန်တကယ် အလုပ်ဆင်းခဲ့သည့် ရက်များဖြင့်စားရရှိသောငွေက်ု ပေးရမည်။
                   (၅) အများအလုပ်ပိတ်ရက်သည် ရက်သတပတ်လျှင် ပိတ်ရက်နှင့် တစ်ထပ်တည်းကျနေပါက ထိုနေ့ကို အများအလုပ်ပိတ်ရက်ဟု ယူဆသည်။
                   (၆) အများအလုပ်ပိတ်ရက်တွင် အလုပ်သမားသည် သတ်မှတ်ထားသော တစ်နေ့ အလုပ်ချိန် ထက်ကျော်လွန် လုပ်ကိုင်ရပါက ယင်းကျော်လွန်သော အချိန်နာရီကို အချိန်ပိုလုပ်ခ အဖြစ် ခံစားခွင့်ရှိသည်။
          (င) တဆက်တည်း  (၁၂)လ မလုပ်ရသောလုပ်ငန်း ။ ပုဒ်မ (၈) လုပ်ငန်း သဘောအရ (၁၂) လ တစ်ဆက်တည်း လုပ်ကိုင်နိုင်ခြင်းမရှိသော လုပ်ငန်းများမှ အလုပ်သမားအနေဖြင့် ခွင့်ရက်များကို လုပ်သက် အချိုးကျ ခံစားခွင့်ရှိသည်။
          (စ) ယုတ်လျော့စေသော သဘောတူစာချုပ် ပျက်ပြယ်ခြင်း ။   ပုဒ်မ (၉)  အလုပ်ရှင် ၊ အလုပ်သမား သဘောတူစာချုပ် / အလုပ်ပဋိညာဉ် စာချုပ်များတွင် ပါရှိသည့်ခွင့်ရက် နှင့် အလုပ်ပိတ်ရက်များသည် ဥပဒေပါ ခံစားခွင့်များအောက် ယုတ်လျော့သည်နှင့်အမျှ ပျက်ပြယ်သည်။
          (ဆ) ပိုင်ရှင်အပြောင်းအလဲ ။   ပုဒ်မ ၁၀ (၁)  ပိုင်ရှင်အပြောင်းအလဲကြောင့် ဥပဒေပါ အခွင့်အရေးများ မထိခိုက်စေရ။
          (ဇ)  သာလွန်ကောင်းမွန်သောအခွင့်အရေး ။     ပုဒ်မ ၁၀ (၂)   ဥပဒေပါပြဌာန်းထားသည့် အခွင့်အရေးထက် ပိုမိုကောင်းမွန်သည် အလုပ်သမားခံစားခွင့် ရရှိနေသော အခွင့်အရေးများကို ဥပဒေ ပြဌာန်းချက်တစ်ခုခုကြောင့် မထိခိုက်စေရ။
          (ဈ) မည်သုသည် အလုပ်ရှင်ဖြစ်ကြောင်း ။      ပုဒ်မ  (၁၅)
                   (က) ဖက်စပ်လုပ်ငန်း / သီးခြားပုဂိုလ်များ ပါဝင်သည့် အဖွဲ့တွင် ပါဝင်သူများ (သို့မဟုတ်) (ဦးစီးဌာနသို့ မြန်မာနိုင်ငံတွင် နေထိုင်သူတစ်ဦးဦးကို အလုပ်ရှင်အဖြစ် နို့တစ်စာ ပေးထားသူ)
                   (ခ) အများပိုင် ကုမ္မဏီဖြစ်ပါက ဒါရိုက်တာလုကြီး / အနည်းပိုင် ကုမ္မဏီဖြစ်ပါက အစုပါဝင်သုနများ ၊ (ဤဦးစီးဌာနသို့ မြန်မာနိုင်ငံတွင် နေထိုင်သူ တစ်ဦးဦးကို အလုပ်ရှင်အဖြစ် နို့တစ်စာပေးထားသူ)
                   (ဂ) အစိုးရ ၊ အစိုးရအဖွဲ့ ၊ အခြားဒေသန္တရ အာဏာပိုင် ဖြစ်ပါက ဌာနအကြီးအကဲ အဖြစ်ခန့်ထားသူ ၊
          (ည) ပြစ်ဒဏ်
                   ဥပဒေပါ ပြဌာန်းချက်များကို ချိုးဖေါက်ပါက ထောင်ဒဏ် (၂ )နှစ် အထိ တရားရုံးမှ အပြစ်ပေးနိုင်သည်။
၁၉၃၆ ခုနှစ် ၊ လုပ်ခပေးရေး အက်ဥပဒေ
ရည်ရွယ်ချက်
          လုပ်ခများကို တရားမ၀င် ဖြတ်တောက်ခြင်းမှ လည်းကောင်း ၊ နှောင့်နှေးကြန့်ကြာမှု့မရှိစေဘဲ ရရှိရန် လည်းကောင်း ၊ အချိန်မှန်ပြည့်ဝစွာ ရရှိခံစားစေရန်ဖြစ်ပါသည်။
အကျူံးဝင်သော လုပ်ငန်း ၊ အလုပ်ဌာနများ

1 comment:

  1. Youtube: #movies #mp4mp4 - VideoDl
    Watch Videos of youtube mp4 #mp4 #mp4 - VideoDl

    ReplyDelete