Wednesday, September 11, 2013

စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများမှ သိရှိလိုက်နာရမည့် ပြဌာန်းချက်များ (အပိုင်း - ၂)

(က) အလုပ်ရုံဥပဒေ နှင့် အကျူံးဝင်သော                   ဥပဒေစတင်ပြဌာန်း
               အလုပ်သမားများ ၊ မီးရထားဥပဒေနှင့် အကျူံးဝင်သော                            သည့်ကာလမှစ၍
              အလုပ်သမားများ                                                                          အကျူံးဝင်ခြင်းဖြစ်သှ်

          (ခ) ရေနံမြေ ၊ သတ္တုတွင်း ၊ ကျောက်တွင်းတူး                                           ၁၀.၈.၁၉၄၉ နေ့စွဲပါ
          လုပ်ငန်းမှ အလုပ်သမား များ                                                             အမိန့်ကြော်ငြာစာအ
                                                                                                                 မှတ် -၂၁၁

          (ဂ) မဟာရန်ကုန်နယ်နိမိတ်အတွင်းရှိ အောက်ပါ                                      
                လုပ်ငန်းများမှအလုပ်သမာများ                                                        ၃၀.၁၂.၄၉ ရက်စွဲပါ
          (၁) ခရီးသည်တင်မော်တော်ယာဉ်လုပ်ငန်း                                               အမိန့်ကြော်ငြာစာ
          (၂)သဘောင်္ကပ်တံတား ၊ ဘောတံတား                                                   အမှတ် - ၃၂၅
          (၃) ပြည်တွင်းရေကြောင်းသဘောင်္များ
          (၄) ၀ပ်ရှော့ သို့မဟုတ် ကုန်ပစ္စည်းထုတ်လုပ်ခြင်း
             ပြုပြင်ခြင်း ၊ တပ်ဆင်ခြင်းလုပ်ငန်း (သယ်ယူပို့ဆောင်ရေး
             လုပ်ငန်းအတွက်ဖြစ်စေ ၊ ရောင်းချရန်အတွက်ဖြစ်စေ)                              
အဓိကပြဌာန်းချက်များ
          (က) အခကြေးငွေပေးရန် ကာလတို တစ်လထက် မပိုစေရန် သတ်မှတ်ရမည်။ ပုဒ်မ ၄ (၂)
          (ခ) လကုန်ပြီး (၇)ရက်အတွင်း လုပ်ခများကို ရှင်းပေးရပါမည်။ အလုပ်သမားး ၁၀၀၀ ကျော်ပါက  (၁၀) ရက်အတွင်း ပေးရပါမည်။
          (ဂ) အလုပ်မှရပ်စဲခြင်းခံ၇ပါက ၄င်း၏လုပ်ခလစာကို အလုပ်ရပ်စဲသည့်နေ့၏ နောက်တစ်ရက်တွင် ထုတ်ပေးရပါမည် ။ ပုဒ်မ ၅ (၂)
          (ဃ) လုပ်ခများကို အလုပ်ဖွင့်သည့်နေ့တွင်သာ ငွေကြေးဖြင့်ပေးစေရပါမည် ။ ပုဒ်မ ၅ (၄) - ၆
          (င) တရားဝင်ဖြတ်တောင်ခြင်း ပြုနိုင်သည့် ဥပဒေက ခွင့်ပြုသည့် အချက်များ
              (၁) ဒဏ်ငွေများချမှတ်ခြင်း - Fines ပုဒ်မ ၇ (၂)
                   (ကက) အလုပ်ရုံ နှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်ကို ရယူရမည်။
                   (ခခ) ဒဏ်ငွေ ချမှတ်သည့် အကြောင်းအချက် များကို အလုပ်သမားများအား အသိပေးပြီး ကြေငြာချက်ကို အလုပ်ရုံတွင်သိသာအောင် ကပ်ထားရမည်။
                   (ဂဂ) အလုပ်သမားအား ရှင်းလင်းခွင့် ပေးရမည်။
                   (ဃဃ) ၁ိ/- တွင် (၃)ပြားသာ ဒဏ်ကြေးငွေ သတ်မှတ်ရမည် ။
                   (ငင) ၁၅ နှစ်အောက် အလုပ်သမားများအား  ဒဏ်ငွေ မရိုက်ရ ။
                   (စစ) အလုပ်သမားများ အကျိုးအတွက်သာ သုံးရမည်။
          (၂) အလုပ်ဆင်းရန်ပျက်ကွက်မှု့
                   (ကက) အလုပ်ချိန်အတွင်း လာရောက်ရန်ပျက်ကွက်ခြင်း
                   (  ခခ ) လုပ်ခဖြတ်တောက်မည်ကို နို့တစ်စာဖြင့် အများမြင်သာအောင် ဆွဲကပ်ထားရန်လိုခြင်း
          (၃) သေချာစွာ အပ်နှံထားသော ကုန်ပစ္စည်း ၊ ငွေများ ပျောက်ဆုံးခြင်း
                   (ကက) အလုပ်သမားအား ရှင်းလင်းထုချေခွင့် ပေးရန် ၊
                   (ခ ခ ) ပစ္စည်းတန်ဘိုး (သို့မဟုတ်) ပျောက်ဆုံးငွေ တန်ဘိုးထက် မပိုစေရ။
          (၄) နေထိုင်ရန် အိမ်လခ နှင့် အလုပ်လုပ်ရာတွင် ကိရိယာတန်ဆာပလာများပျောက်ဆုံးခြင်း
          (၅) ကြိုတင်ပေးထားသော ငွေများ (သို့) ပိုမိုပေးမိသော ငွေများ
          (၆) အိုနာစာ ရံပုံငွေ                             
          (၇) သမ၀ါယမ အသင်းသို့ ပေးရန်ငွေများ
          (၈) အသက်အာမခံ
          (၉) အမြတ်တော်ခွန်
          (၁၀) စုငွေများ ( ငွေစုငွေကြေး သ/မ )
          (၁၁) မှတ်ပုံတင် အလုပ်သမား အစည်းအရုံးကြေး( အလုပ်သမား၏ သဘောတုညီချက်ဖြင့်သာ)
(အလုပ်ဆင်းရန် ပျက်ကွက်မှု့များမှအပ ကျန်ဖြတ်တောက်မှု့ငွေ အားလုံးသည် အလုပ်သမား၏ ရရှိမည့်ငွေ အားလုံး၏ ၅၀ % ထက်မပိုစေရ။)
          (စ) ထားရှိရမည့် စာရင်းဇယားနှင့် မှတ်တမ်းများ
                   (၁) အလုပ်တက် အလုပ်ဆင်း မှတ်ပုံတင်စာအုပ် ( ပုံစံ ၂)
                   (၂) ဖြတ်တောက်ငွေများအတွက် ပုံစံ (အခကြေးငွေ နည်းဥပဒေအရ ပုံစံ- ၁ ၊ ပုံစံ -၂ ၊ ပုံစံ -၃)
                   (၃) လုပ်ခပေးမှတ်တမ်းစာအုပ် (နည်းဥပဒေ ၅ မှ ပုံစံ ၆)
                   (၄)လုပ်ခဖြတ်တောက်ခြင်း ကိစ္စများအတွက် နှစ်ကုန်လျှင် အလုပ်ရုံ နှင့်အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနရုံးချုပ်သို့ ပေးပို့ရမည့် ပုံစံ - 
          (ဆ) တရားမ၀င်ဖြတ်တောက်မှု့ နှောင့်နှေးကြန့်ကြာမှု့များအတွက် အရေးယူရန် နည်းလမ်းများ
                   (၁) အခကြေးငွေ အာဏာပိုင်ထံ ညွှန်ကြားချက် (Direction ) ထုတ်ပေးရန် (၆) လ အတွင်း လျှောက်ထားရမည်။(အခကြေးငွေ  အာဏာပိုင် ဆိုသည်မှာ မြို့နယ်တရားရုံးများဖြစ်ပါသည်။
                   (၂) အခကြေးငွေ အာဏာပိုင်သို့ လျှောက်ထားနိုင်သည့် ပုဂ္ဂိုလ်များ
                       (ကက) အလုပ်သမားများ ကိုယ်တိုင်
                     (ခ ခ ) တရားဝင်လွှဲအပ်ခြင်းခံရသော ရှေ့နေ
                     (ဂ ဂ)ဦးစီးဌာနမှ စစ်ဆေးရေးဝန်ထမ်းများ ၊
          အထက်ပါ ၃ ဦးအနက် အမှတ်စဉ် (ကက) နှင့် (ခခ)တို့မှ လျှောက်ထားပါက တံဆိပ်ခေါ်င်းခွန်များ ပေးဆောင်ရမည်။ (နည်း - ၂၁)
                   (၃) ပြစ်မှု့ကြောင်းအရအလည်း အရေးယူလျှောက်ထားနိုင်သည်။
        (ဇ) သက်ဆိုင်ရာတရားရုံးအနေဖြ င့် ညွှန်ကြားချက် (Direction ) အမိန့်တွင် လုပ်ခဖြတ်တောက်မှု့ အတွက် ဒဏ်ငွေ (၁၀ ) ဆ ထက်မနည်းပေဆောင်ရန် အမိန့်ချမှတ်ပြီး နှောင့်နှေးကြန့်ကြာမှု့အတွက်  တစ်ဦးလျှင် ၁၀ိ/- ကို ထပ်မံပေးဆောင်ရန် အမိန့်ချမှတ်နိုင်ပါသည်။ (ပုဒ်မ ၁၅ (၃) )
အဆိုပါငွေများကို မြေခွန်မပြေ ကျန်ငွေအဖြစ် တောင်းခံနိုင်ပါသည်။ (ပုဒ်မ ၁၅ (၅) )
          (ဈ) အယူခံဝင်ခြင်း
               မြို့နယ်တရားရုံး၏ (သို့မဟုတ် ) အခကြေးငွေ အာဏာပိုင်၏ ညွှန်ကြားချက်ကိုဖြစ်စေ ၊ စီရင်ချက်တစ်ရပ်ရပ်ကိုဖြစ်စေ  ကျေနပ်မှု့ မရှိပါက ပြည်နယ် / တ်ုင်းတရားရုံးသို့ စီရင်ချက်ချမှတ်ပြီးသည့် နေ့မှ (သို့မဟုတ်) ညွှန်ကြားချက် ထုတ်ပေးသည့်နေ့မှစရက်ပေါင်း (၃၀)အတွင်း
(၁) လုပ်ငန်းပိုင်ရှင် အနေဖြင့် ပေးဆောင်၇မည့် ငွေ ၃၀၀ိ/- ထက်ပိုလျှင် လည်းကောင်း
(၂) အလုပ်သမားအနေဖြင့် ရရှိမည့် ငွေကျပ် ၅၀ိ/- ထက် ပိုလျှင် လည်းကောင်း
(၃) တမင်သက်သက်နစ်နာစေလို၍ု ဖြစ်စေ ၊ မနာလိုခြင်းကြောင့်ဖြစ်စေ ၊ လျှောက်ထားခြင်းကြောင့် အပြစ်ခံရသူက ဖြစ်စေ အယုခံလျှောက်ထားနိုင်သည်။
တည်ဆဲအလုပ်သမား ဥပဒေနှင့် အကျူံးဝင်သော အလုပ်သမားများအား အချိန်ပိုလုပ်ကိုင်ခွင့်ပြုရေး၊ အချိန်ပို လုပ်ခပေးရေးနှင့် စပ်လျဉ်းသိသင့်သည့် အချက်များ
၁။ စက်ရုံ ၊ အလုပ်ရုံ ၊လုပ်ငန်း၊အလုပ်ဌာန စသည်တို့တွင် လုပ်ကိုင်နေကြသည့် အလုပ်သမားများအား အချိန်ပို လုပ်ကိုင်ခွင့်ပြုရေး ၊ အချိန်ပိုလုပ်ခပေးရေးတို့နှင့် စပ်လျဉ်းတည်ဆဲအလုပ်သမား အက်ဥပဒေများတွင် ပြဌာန်းပါရှိသည့် အချက်များကို စီမံခန့်ခွဲရေးပိုင်းမှ ပုဂ္ဂိုလ်များ အနေဖြင့် သိရှိထားရန်လိုအပ်သညိ့ အလျောက် ရှင်းလင်းဖော်ပြအပ်ပါသည်။
၂။ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ နှင့် အကျူံးဝင်သော စက်ရုံ ၊ အလုပ်ရုံ ၊ အလုပ်ဌာနများလုပ်ကိုင်ကြသော လူကြီးအလုပ်သမားများအား (အလုပ်ရုံတွင် ကြီးကြပ်ကြည့်ရှု့သည့် အလုပ်၊ သို့မဟုတ် စီမံအုပ်ချုပ်သည့် အလုပ်နှင့် လျှို့ဝှက်အပ်သော အလုပ်တွင်တာဝန်ပေးထားသော ၀န်ထမ်းများမှအပ) အား တစ်နေ့လျှင် (၈)နာရီထက်ပိုလည်းကောင်း ၊ ရက်သတ္တပတ်လျှင် (၄၄) နာရီထက်ပိုလည်းကောင်း လုပ်ကိုင်စေခြင်း မပြု၇ပါ။ သို့မဟုတ်ုလုပ်ခွင့်မပြုရပါ။ သို့ရာတွင် အလုပ်လုပ်နည်းနှင့် စပ်လျဉ်းသည့် အကြောင်းထူးများကြောင့် အဆိုင်း- ၃ ဆိုင်းဖြင့် တစ်ရက်ပတ်လုံး အဆက်မပြတ်လုပ်ရသည့် အောက်ဖော်ပြပါ အလုပ်ရုံများတွင် လုကြီးအလုပ်သမားများအား ရက်သတ္တ တစ်ပတ်လျှင် (၄၈) နာရီ အထိ အလုပ်လုပ်စေ နိုင်ပါသည်။
(က) လျှပ်စစ်ဓါတ်အားပေးစက်များ
(ခ) ရေခဲစက်များ
(ဂ)ရေနံချက်စက်များ
(ဃ) သစ်ပေါ်င်းတင် လုပ်ငန်းများ
(င) ရေ နှင့် ဆီမှုတ်စက်များ
(စ) ရေအား (သို့မဟုတ်) ဓါတ်ငွေ့ အားပြုလုပ်သောစက်များ
(ဆ) ဓါတုဗေဒ လုပ်ငန်းများ
(ဇ) အသီးအနှံမှ ထုတ်ယူသော ဆီစက်များ
(ဈ) သကြားစက်များ ၊
(၃) ။   အလုပ်ရုံများအက်ဥပဒေနှင့် အကျူံးဝင်သော အလုပ်သမားတစ်ဥိးဦးသည် အထက်အပိုဒ် - ၂ အရ ၊ သတ်မှတ်ထားသော တစ်နေ့၊ သို့မဟုတ် တစ်ပတ်အလုပ်ချိန်ထက် ကျော်လွန်အလုပ်လုပ်ရလျှင် ယင်းသို့ပိုလုပ်ရသော အချိန်နာရီမှာ အချိန်ပိုဖြစ်ပါသည်။ အချိန်ပို လုပ်ရသည့် အတွက် သက်ဆိုင်ရာဝန်ထမ်းအား မိမိ သာမန်ရရှိသည့် အခနှုန်း၏ (၂)ဆ ဖြင့် တွက်ချက်ခံစားခွင့်ပြုရပါမည်။
လစားအလုပ်သမားအတွက်
{ လစာ *  ၁၂ လ / ရက်သတ္တပတ် ၅၂ * ၄၄ နာရီ (သို့) ၄၈ နာရီ } * ၂ ဆ =တစ်နာရီ အချိန်ပိုလုပ်ခ
နေ့စားအလုပ်သမားများအတွက်
{ နေ့တွက်လုပ်ခ * ၆ / ၄၄ နာရီ (သို့) ၄၈ နာရီ } * ၂ဆ = တစ်နာရီ အချိန်ပိုလုပ်ခ
ပုတ်ပြတ်အလုပ်သမား များအတွက်
  { တစ်နေ့တွက် ပျှမ်းမျှဝင်ငွေ* ၆ / ၄၄ နာရီ (သို့) ၄၈ နာရီ } * ၂ ဆ = တစ်နာရီ အချိန်ပိုလုပ်
၎။ လူကြီးအလုပ်သမား ( အသက် ၁၈ နှစ်ပြည့်ပြီးသူ ၊ သို့မဟုတ် အသက် ၁၅ နှစ် ပြည့်ပြီး ၊ လုကြီးအဖြစ် တာဝန်ထမ်းဆောင်နိုင်ကြောင်း ၊ ဆရာဝန်၏ ထောက်ခံချက်ရရှိသူ ) တစ်ဦးဦးအားအချိန်ပို အလုပ်လုပ်ကိုင်နိုင်  စေလိုပါက -
(က) သာမန်အလုပ်ချိန် နှင့် နားချိန်
(ခ) အချိန်ပို လုပ်ကိုင်ရန် လိုအပ်သည့် အကြောင်းအချက်
(ဂ) လုပ်ကိုင်ရန် လိုအပ်သည့် အချိန်ပို နာရီ နှင့် အစီအစဉ် (နေ့ရက်အလိုက် ဌာန ၊ ဌာနခွဲ ၊ သို့မဟုတ် ဌာနစုအလိုက် ၊ အလုပ်သမားတစ်ဦးချင်းအလိုက် ) ၊
(ဃ)အချိန်ပို လုပ်ကိုင်ရန် လိုအပ်မည့် ကာလအပိုင်းအခြားတို့်ကို ပြည့်စုံစွာဖော်ပြလျက် သတ်မှတ်ပုံစံဖြင့် အလုပ်ရုံ နှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၏ ကြိုတင်ခွင့်ပြုချက်ကိုတောင်းခံ၇ပါမည်။ ခွင့်ပြုချက် မိတ္တူ(၂)စောင် ရရှိသည့်အခါ တစ်စောင်ကို စက်ရုံ ၊ အလုပ်ရုံအလုပ်သမားအများမြင်နိုင်သောနေရာတွင် ကပ်ထားရမည်။
၅။ စက်ရုံ ၊ အလုပ်ရုံ၏ သာမန်အချိန်ကို အပြည့်အ၀လုပ်ကိုင်သွားနိုင်၇န်အတွက် အချို့သောလုပ်ငန်းများရှိ အလုပ်သမားများသည် သတ်မှတ်ထားသောအချိန်ထက် အချိန်မရွေး ၊ ပိုမိုလုပ်ကိုင်ရန် လိုအပ်ပါသည်။ သို့ဖြစ်အောက်ပါလုပ်ငန်းများနှင့်စပ်လျဉ်းအချိန်ပိုလုပ်ရခြင်းကိစ္စကို ကြိုတင်ခွင့်ပြုချက် တောင်းခံခြင်းမှ ကင်းလွတ်ခွင့်ပြုထားပါသည်။
   (က) လု့အသက်ကိုဘေးအန္တရာယ် ဖြစ်စေမည့်ဆဲဆဲ ၊ သို့မဟုတ် ပစ္စည်းကိရိယာများ ပျက်စီးဆုံးရှုံးမည့် ဆဲဆဲတွင် ပြင်ဆင်မှု့ပြုလုပ်ရသောလုပ်ငန်း၊
   (ခ) " အလုပ်ရုံ " ဆိုသည်မှာ ၊ အက်ဥပဒေပုဒ်မ ၂ (ဍ) အဓိပ္ပါယ်ဖော်ပြထားသော အလုပ်ရုံကိုသော်၎င်း ၊ အလုပ်ရုံဖြစ်သည်ဟု အက်ဥပဒေတွင် ပြဌာန်းထားသည့် သို့မဟုတ် အက်ဥပဒေအရ ကျေငြာထားသည့် နေရာကိုသော်၎င်း ဆိုလိုသညိ့ အပြင်၊ ထိုစကားရပ်တွင် ပုဒ်မ ၅၈ (၁) ဖော်ပြထားသော ပြဌာန်းချက်များနှင့် သက်ဆိုင်သည့် ပင္လယ္ကူးသေဘာၤတံတား ၊ ပင္လယ္ကူးသေဘာၤဆိပ္ခံတံတား ၊ကုန်လှောင်ရုံနှင့် ပုဒ်မ ၅၈(၂) ဖော်ပြထားသည့် ပင်လယ်ကူးသဘောင်္ကုန်တင် ကုန်ချ လုပ်ငန်းတို့သည်လည်း ပါဝင်ပါသည်။
     (ဂ)  " မန်နေဂျာ " ဆိုသည်မှာ အက်ဥပဒေပုဒ်မ ဂ (၁) အရ ၊ အလုပ်ရုံမန်နေဂျာအဖြစ် အမည်တင်သွင်းထားသူကိုသော်၎င်း ၊ ယင်းသို့မန်နေဂျာအဖြစ် ခန့်ထားခြင်း မရှိသေးပါက ပုဒ်မ ဂ (၅) အရ အလုပ်ရုံ၏ မန်နေဂျာ အဖြစ် မှတ်ယူရသူကိုသော်၎င်း ဆိုလိုသည်။
    (ဃ)  " အင်စပတ်တော်" ဆိုသည်မှာ ၊ အက်ဥပဒ ပုဒ်မ ၁၀ (၁) အရ ခန့်ထားသော အင်စပတ်တော်ကို သော်၎င်း ၊ ပုဒ်မ ၁၀ (၄) အရ ရာထူးအလျှောက် အင်စပတ်တော်ဖြစ်ရမည့် ခရိုင်ရာဇ၀တ် တရားသူကြီးကို သော်၎င်း ၊ ပုဒ်မ ၁၀ (၅) အရ တွဲဘက် အင်စပတ်တော်အဖြစ် ခန့်ထားသောအရာရှိကိုသော်၎င်း ဆိုလိုသည်။
     (င)  " အင်စပတ်တော်ချုပ် " ဆိုသည်မှာ အက်ဥပဒေပုဒ်မ ၁၁(၂) အရ ခန့်ထားသော အင်စပတ်တော်ချုပ် ကိုဆိုလိုသည်။
     (စ) "သူနာပြုဆရာ" ဆိုသည်မှာ ၊ မြန်မာနိုင်ငံ ကြက်ခြေနီသင်းမှ အနည်းဆုံး ရှေးဦးသူနာပြု နည်းပြအောင်လက်မှတ်ရရှိသူကို၎င်း ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း သို့မဟုတ် ကျန်းမာရေးညွှန်ကြားရေး ဌာနခွဲက အသိအမှတ်ပြုသည့် အလားတုသင်တန်း အောင်လက်မှတ် ရရှိသူကိုသော်၎င်း ဆိုလိုသည်။
    (ဆ) " ရှေးဦးသူနာပြုစုနည်းတက်ကျွမ်းသူ " ဆိုသည်မှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အနည်းဆုံး အခြေခံရှေးဦးသူနာပြုအောင်လက်မှတ်ရရှိသူကို၎င်း ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းက သို့မဟုတ် ကျန်းမာရေး ညွှန်ကြားရေးဌာနခွဲမှ အသိအမှတ်ပြုသည့် အလားတူ သင်တန်းအောင်လက်မှတ် ရရှိသူကိုသော်လည်းကောင်း ဆိုလိုသည်။
(၃) မန်နေဂျာသည် ညွှန်ကြားချက် ၄ မှ ၁၀ ထိ ပါနည်းလမ်းများ အတိုင်းဆောင်ရွက်၇မည်။
(၄) အလုပ်သမား ဆယ်ယောက်အောက် ရှိသော အလုပ်ရုံများအောက်ဖော်ပြပါ ဆေးပစ္စည်း အမျိုးအစားနှင့် အရေအတွက် ပါရှိသည့် ရှေးဦးသူနာပြုဆေးသေတ္တာ သို့မဟုတ် ဆေးဘီရိုထားရှိရမည် ။
စဉ်
ပစ္စည်းအမျိုးအစား
အရေအတွက်
1
ပစ္စည်းအရေအတွက်ပြစာရင်း
 ၁ ရွက်
2
ပတ်တီး(၂ လက်မ )
၃ လိပ် မှ ၆လိပ်
3
ပတ်တီး (၄ လက်မ)
၃ လိပ် မှ ၆ လိပ်
4
ဝါဂွမ်း (ပိုးသတ်ရန်မလို)
၁/၄ ပေါင် မှ ၁/၂ ပေါင်
5
ဆေးမပါ ပိုးသတ်ထားသော အနာစည်းပိတ်ပါးစအသေး(၂ " )
၃ ခု မှ ၆ ခု
6
ဆေးမပါ ပိုးသတ်ထားသော အနာစည်းပိတ်ပါးစအကြီး (၂ " )
၃ ခု မှ ၆ ခု
7
အရက်ပျံ
၁/၄ ပေါင် မှ ၁/၂ ပေါင်
 8
ရှုဆေး
၎ အောင်စ မှ ၈ အောင်စ
9
သုံးထောင့်ပတ်တီး (၃၈×၃၈×၅၁ လက်မ )
၂ ခု မှ ၃ ခု
10
ကတ်ကျေး
၁ ခု
11
သွေးထိန်းရော်ဘာပတ်တီးကြိုး
၁ ခု
12
တွယ်ချိတ်
၆ ခု
13
လမ်းညွှန် စာအုပ်
၁ အုပ်
(၅)  အလုပ်သမား ဆယ်ယောက်မှ တရာ့ငါးဆယ်ထိရှိသော အလုပ်ရုံများအောက်ဖော်ပြပါ ဆေးပစ္စည်း အမျိုးအစားနှင့် အရေအတွက်ပါရှိသည့် ရှေးဦးသူနာပြုဆေးသေတ္တာ သို့မဟုတ် ဆေးဘီရို ထားရှိရမည်။     
စဉ်
ပစ္စည်းအမျိုးအစား
အရေအတွက်
1
ပစ္စည်းအရေအတွက်ပြစာရင်း
 ၁ ရွက်
2
ပတ်တီး(၂ လက်မ )
၆ လိပ် မှ ၁၂ လိပ်
3
ပတ်တီး (၄ လက်မ)
၆ လိပ် မှ ၁၂ လိပ်
4
ဝါဂွမ်း (ပိုးသတ်ရန်မလို)
၁/၂ ပေါင် မှ ၁ ပေါင်
5
ဆေးမပါ ပိုးသတ်ထားသော အနာစည်းပိတ်ပါးစအသေး(၂ " )
၆ ခု မှ ၁၂ ခု
6
ဆေးမပါ ပိုးသတ်ထားသော အနာစည်းပိတ်ပါးစအကြီး (၄ " )
၆ ခု မှ ၁၂  ခု
7
အရက်ပျံ
၁/၂ ပေါင် မှ ၁ ပေါင်
 8
ရှုဆေး
  အောင်စ မှ ၁၆ အောင်စ
9
သုံးထောင့်ပတ်တီး (၃၈×၃၈×၅၁ လက်မ )
၃ ခု မှ ၆ ခု
10
ကတ်ကျေး
၁ ခု
11
သွေးထိန်းရော်ဘာပတ်တီးကြိုး
၁ ခု
12
တွယ်ချိတ်
၆ ခု မှ ၁၂ ခု
13
လမ်းညွှန် စာအုပ်
၁ အုပ်

(၆)  အလုပ်သမား တရာ့ငါးဆယ့် တစ်ယောက်မှ နှစ်ရာ့ငါးဆယ်ထိ ရှိသော အလုပ်ရုံများညွှန်ကြားချက် ၅ တွင် ဖော်ပြသည့် ရှေးဦးသူနာပြုဆေးသေတ္တာ သို့မဟုတ် ဆေးဘီရို နှစ်လုံးထားရှိရမည်။                    
 (၇) အလုပ်သမား နှစ်ရာ့ငါးဆယ်အထက်ရှိသော အလုပ်ရုံများအောက်ဖော်ပြပါအတိုင်း သူနာပြုခန်း သို့မဟုတ် ဆေးပေးရုံတခုကိုထားရှိရမည်။  ယင်းသူနာပြုခန်း သို့မဟုတ် ဆေးပေးရုံကို မှတ်ပုံဝင်ဆရာဝန် တစ်ဦး၏ ကြီးကြပ်မှူ့အောက်တွင် ထားရှိသူနာပြုဆရာ အနည်းဆုံး တဦးအား အလှည့်တိုင်းတွင် အချိန်ပြည့် တာဝန်ချထား၇မည်။
          (က) သူနာပြုခန်း သို့မဟုတ် ဆေးပေးရုံသည် သင့်တင့်လျောက်ပတ်သော အကျယ်အ၀န်းရှိရမည့် အပြင် သူနာတင် မော်တော်ယာဉ်များ အချိန်မရွေးလွယ်ကူစွာ ၀င်ထွက်သွားလာနိုင်သော နေရာရှိရမည်။
          (ခ) ပစ္စည်းကိရိယာများ
                   (၁ ) စမ်းသပ်သောကုတင်                                                       ၁ လုံး
                   (၂) ဆေးထည့်သောခုံ                                                             ၁ လုံး
                   (၃) လုနာထမ်းစင်                                                                ၁ ခု
                   (၄) ဘီရို                                                                           ၁ လုံး
                   (၅) စာရေးစားပွဲ                                                                   ၁ လုံး
                   (၆) ကုလားထိုင်                                                                  ၂ လုံး
                   (၇) အမှိုက်ပုံး                                                                     ၂ လုံး
                   (၈) ရေနွေးအိတ်                                                                  ၁ ခု
                   (၉) ရေနွေးကျိုရန်ကိရိယာ                                                       ၁ ခု
                   (၁၀)စောင်                                                                        ၁ ထည်
                   (၁၁) ညွှန်ကြားချက်(၄)တွင် ဖော်ပြသော ဆေးပစ္စည်း                            ၁ လုံး
                 အမျိုးအစားနှင့် အရေအတွက်ပါသည့် ရှေးဦးသူနာပြုဆေးသေတ္တာ           
                   (၁၂) ခုံတန်းရှည် (သုနာပြုခန်း အပြင်တွင်ထားရန်)                           ၁ ခု
                   (၁၃) ကြီးကြပ်သူ ဆရာဝန်၏ ညွှန်ကြားချက်နှင့်အညီ  အခြားဆေးပစ္စည်းများ       
          (ဂ) ဆေးကြောသန့်စင်ထားရန် အတွက် ရေအလုံအလောက်ကို စနစ်တကျ စီမံထားရှိရမည်။
(၈) လုပ်ငန်းသဘောအရ အလုပ်သမားများအား အထူးဘေးအန္တရာယ်ဖြစ်စေတက်သည့် အလုပ်ရုံများ၏ ညွှန်ကြားချက် ၄  သို့မဟုတ် ညွှန်ကြားချက် ၅ သို့မ ဟုတ် ညွှန်ကြားချက် ၇ တွင်ဖော်ပြသော ဆေးပစ္စည်းများကို ထားရှိရမည့်အပြင် အင်စပတ်တော်ချုပ်က ညွှန်ကြားသည့်အတိုင်း အခြားဆေးပစ္စည်းများ ကိုလည်းမည်။
(၉) အလုပ်ရုံ၏ အကျယ်အ၀န်းနှင့် အလုပ်ခွင်များ တည်ရှိပုံတို့ကို မူတည်ရှေးဦးသုနာပြုဆေးသေတ္တာ သို့မဟုတ် ဆေးဘီရိုကို ညွှန်ကြားချက် ၅ သို့မဟုတ် ညွှန်ကြားချက် ၆ တွင် သတ်မှတ်သည့်အတိုင်း ထားရှိသော ဆေးသေတ္တာ သို့မဟုတ် ဆေးဘီရိုများမှ ဆေးပစ္စည်းများကိုခွဲထားရှိရန်ညွှန်ကြားနိုင်သည်။ ထို့ပြင် သူနာပြုခန်း သို့မဟုတ် ဆေးပေးရုံရှိသော အလုပ်ရုံများတွင် လည်းအထက်ပါအတိုင်း သူနာပြု ဆေးသေတ္တာများ ထားရှိရန်အတွက် အင်စပတ်တော်က ညွှန်ကြားနိုင်သည်။ ယင်းသို့ ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ရမည်။
(၁၀) အထက်တွင် ဖော်ပြသော ဆေးပစ္စည်းများပါရှိသည့် ရှေးဦးသူနာပြု ဆေးသေတ္တာ သို့မဟုတ် ဆေးဘီရိုကို အလုပ်ရုံတိုင်းအလုပ်ချိန်အတွင်းအချိန်မရွေး အလွယ်တကူအသုံးပြုနိုင်သည့် သန့်ရှင်းသောနေရာတွင် ထားရှိရမည်။ ယင်းသို့ ထားရှိသည့် နေရာသည် ရှေးဦးသူနာပြုကိစ္စ အတွက် မသင့်လျော်ဟု အင်စပတ်တော်က ယူဆလျှင် ၄င်းကရွေးချယ်သတ်မှတ်သည့် နေရာတွင် ထားရှိ၇မည်။ ယင်းနေရာတွင် နောက်မှီပါသော ကုလားထိုင်တလုံးနှင့် အညစ်အကြေးများကို အလွယ်တကူသုတ်သင်ရှင်းလင်းနိုင်မည့် ပစ္စည်းဖြင့် ပြုလုပ်ထားသော အခင်း သို့မဟုတ် အဖုံး၏အရောင်သည် အရောင်နုဖြစ်ရမည်။ ထိုပြင်ဆေးကြောသန့်စင်ရန် အတွက်ရေက်ို အလုံအလောက် စနစ်တကျ စီစဉ်ထားရှိရမည်။
(၁၁)   အလုပ်သမားများ အလုပ်လုပ်သည့် အချိန်တွင်ဖြစ်စေ စက်ကိ၇ိယာလည်နေသည့် အချိန်တွင်ဖြစ်စေ ၊ အထက်တွင် ဖော်ပြသောဆေးပစ္စည်းများ ပါရှိသည့် ရှေးဦးသူနာပြု ဆေးသေတ္တာ သို့မဟုတ် ဆေးဘီရို အသီးသီးကို သက်ဆိုင်ရာအလှည့်တွင် အလုပ်ရုံအမြဲရှိနေနိုင်မည့် အလုပ်သမားများထဲမှ ရှေးဦးသူနာပြုစုနည်းကို တက်ကျွမ်းသူ ပုဂ္ဂိုလ်တဦးဦးက ကြပ်မတ်အသုံးပြုနိုင်ရန် စီစဉ်ထားရမည်။ ယင်းပုဂ္ဂိုလ်၏ အမည်နှင့် အလုပ်ဌာနစိတ်ကို ရှေးဦးသူနာပြုဆေးသေတ္တာ သို့မဟုတ် ဆေးဘီရိုအနီးတွင် ပီသထင်ရှားစွာ ထားရှိရမည်။
(၁၂)  အလုပ်ရုံလုပ်ရသည့်အလုပ်သည် အလုပ်သမားတို့၏ ကိုယ်အဂါင်္ကို ထိခိုက်နာကျင်စေမည့် သို့မဟုတ် အလုပ်သမားများကိုအဆိပ်မိစေမည့် သို့မဟုတ် အလုပ်သမားများကို အဆိပ်မိစေမည့် သို့မဟုတ် ရောဂါဖြစ်စေ မည့်လက္ခဏာရှိသော  အလုပ်ဖြစ်သည့်အပြင် အလုပ်သမားဦးရေ တရာ့ငါးဆယ်တစ်ယောက်နှင့် အထက်ရှိနှစ်ရာ့ငါးဆယ်မပြည့်သော အလုပ်ရုံများဖြစ်လျှင် သူနာပြုခန်း သို့မဟုတ် ဆေးပေးးရုံတခုထားရှိရန်နှင့် သူနာပြုဆရာတစ်ဦးအား အလှည့်တိုင်းတွင် အချိန်ပြည့်ထားရှိရန် အလို့ငှာ အင်စပတ်တော်ချုပ်က ညွှန်ကြားနိုင်သည်။
(၁၃)  ညွှန်ကြားချက် (၇) သို့မဟုတ် ညွှန်ကြားချက် (၁၁) အရ အလှည့်တိုင်းတွင် မ ရှေးဦးသူနာပြုနည်းကို တက်ကျွှမ်းသူနှင့်အချိန်ပြည့် သူနာပြုဆရာများ၏ လုပ်ငန်းရပ်များကို ၄င်းတို့မရှိခိုက် ဆောင်ရွက်နိုင်ရေးအတွက်  အလှည့်တိုင်းတွင် သက်ဆိုင်ရာအောင်လက်မှတ်ရသူအား အရံအဖြစ်ထားရှိရန် စီစဉ်ရမည်။ ယင်းအရံပုဂ္ဂိုလ် များကိုအလုပ်သမားများထဲမှ ရွေးချယ်ထားရှိရမည်။
(၁၄) ရှေးဦးသူနာပြု ဆေးသေတ္တာ သို့မဟုတ် ဆေးဘီရိုကို အကယ်သော့ခတ်ထားပါက မန်နေဂျာနှင့် ထိုဆေးသေတ္တာ သို့မဟုတ် ဆေးဘီရိုကို ကြပ်မတ်၇န်တာဝန်ကျ ပုဂ္ဂိုလ်တို့တွင် သော့တစ်ချေုာင်းစီ ထားရှိရမည့်အပြင် အရေးပေါ်သုံးနိုင်ရန်အတွက် သီးသန့်သော့တစ်ချောင်းကိုလည်း သင့်တော်သည့်နေ၇ာ သို့မဟုတ် အင်စပတ်တော်ကညွှန်ကြားသည့်အတိုင်း နေရာတွင်ထားရှိရမည်။
(၁၅) အလုပ်ရုံတိုင်းဆေးသေတ္တာနှင့် ဆေးဘီရိုတိုင်းတွင် ကြက်ခြေနီအမှတ်အသားကို ရေးထားရမည်။ သူနာပြုခန်းနှင့် ဆေးပေးရုံတွင် လည်း ပြင်ပမှအများ မြင်နိုင်သောနေရာကြက်ခြေနီအမှတ်အသားကို ရေးသားထားရမည်။
(၁၆) အလုပ်ရုံတိုင်းရှေးဦးသူနာပြုခြင်းနှင့် စပ်လျဉ်းမှတ်တမ်းတင်ရန် ကိစ္စအလို့ငှာ ရှေးဦးသူနာပြု ဆေးသေတ္တာ သို့မဟုတ် ဆေးဘီရိုနှင့် သူနာပြုခန်း၊( သို့ ) ဆေးပေးရုံတိုင်းတွင် မှတ်ပုံတင်စာရင်းစာအုပ် တအုပ်ကျဆီကိုထားရှိရမည် ။ ယင်းမှတ်ပုံတင်စာအုပ်တွင် ဒဏ်ရာရရှိသုအမည်၊အသက်၊အလုပ်အကိုင် ၊ ဒဏ်ရာရရှိသည့်နေ့စွဲ ၊ အချိန် ၊ ဒဏ်ရာရရှိပုံ ၊မည်ကဲ့သို့ပြုစုပေးပုံများကို စနစ်တကျ ရေးသွင်းမှတ်သားထားရမည်။
(၁၇) ညွှန်ကြားချက်များတွင် ဖော်ပြသော (သို့) ညွှန်ကြားချက်အရ ထားရှိစေသော ဆေးပစ္စည်းမှ လွဲအခြားမည်သည့်ပစ္စည်းကိုမဆို ရှေးဦးသူနာပြုဆေးသေတ္တာ (သို့) ဆေးဘီရိုတွင် ထည့်သွင်းထားရှိခြင်း မပြုရ။
(၁၈) အလုပ်ရုံလုပ်ရသည့်အလုပ်သည် အလုပ်သမားတို့၏ ကိုယ်အဂါင်္ထိခိုက်နာကျင်စေမည့် (သို့) အလုပ်သမားများကို အဆိပ်မိစေသည့် (သို့)  ရောဂါဖြစ်စေမည့် လက္ခဏာရှိသော အလုပ်ဖြစ်လျှင် အခြေခံရှေးဦးသူနာပြုနည်းကို တက်ကျွမ်းသူများနှင့် သူနာပြုဆရာမများအား သက်ဆိုင်ရာ အထူးရှေးဦးသူနာပြုနည်းများ တက်ကျွမ်းလာအောင် စီစဉ်ဆောင်ရွက်ရမည်။ အထူရှေးဦးသူနာပြုနည်းများကို သင်ကြားပြီးပါက ယင်းသို့သင်ကြားပြီးကြောင်းကို သက်ဆိုင်ရာသင်ကြားပေးသူထံမှ ထောက်ခံချက် (သို့) လက်မှတ်ရသုထားရမည်။
(၁၉) ညွှန်ကြားချက် ၇ သို့မဟုတ် ညွှန်ကြားချက် ၁၁ သို့မဟုတ် ညွှန်ကြားချက် ၁၃ နှင့်အညီ သူနာပြုဆရာ   ( သို့ ) သူနာပြုနည်းကို တက်ကျွမ်းထားသူများ ထားရှိရေးနှင့် စပ်လျဉ်းအလုပ်ရုံတခုခုအတွက်ဖြစ်စေ အလုပ်ရုံအမျိုးအစား တခုခုအတွက်ဖြစ်စေ အင်စပတ်တော်ချုပ်က သင့်တော်သည် အချိန်ကာလနှင့် စည်းကမ်းချက်များကို သတ်မှတ်ပြီး ယင်းညွှန်ကြားချက်များမှ ကင်းလွတ်ခွင့်ပြုနိုင်သည်။
(၂၀) အလုပ်ရုံများတွင် သူနာပြုရေးဆိုင်ရာ ကိစ္စနှင့် စပ်လျဉ်း၍ ဤညွှန်ကြားချက်အတိုင်းသာ လိုက်နာဆောင်ရွက်ရမည်။




လုပ်ငန်းပိုင်ရှင် / မန်နေဂျာများ သိသင့် သိထိုက်သော အချက်များ
၁။ အလုပ်ရုံဆောက်လိုလျှင် ( အလုပ်ရုံများ ဥပဒေပုဒ်မ ၆ )
          အလုပ်ရုံတည်ရှိသည့်နေရာကွက် အတွက်သော်၎င်း ၊ အလုပ်ရုံဆောက်လုပ်ရန်အတွက်၎င်း ၊ အင်စပတ်တော်ချုပ်၏ ခွင့်ပြုချက်ကြိုတင်ရယူခြင်း ၊ အင်စပတ်တော်ချုပ်အနေဖြင့် အလုပ်ရုံကို မှတ်ပုံတင်လိုင်စင်ထုတ်ပေးခြင်း ၊ လဲလှယ်ခြင်းစသည်တို့ကို နည်းဥပဒေပြဌာန်းချက်များနှင့် အညီဆောင်ရွက်ရန်  ဖြစ်ပါသည်။
၂။ ကုန်ထုတ်လုပ်မှု့ လုပ်ငန်းစတင် လုပ်ကိုင်တော့မည်ဆိုလျှင်
          လုပ်ငန်းရှင်အနေဖြင့် အနည်းဆုံး (၁၅) ရက် ကြိုတင်ပုဒ်မ ၈ (၁) နိုတစ်စာ ပေးပို့ရပါမည်။
၃။ မန်နေဂျာအသစ် ခန့်အပ်သည့်အခါတိုင်း
          လုပ်ငန်းရှင်အနေဖြင့် (၇) ရက်အတွင်းပုဒ်မ ၈ (၄)  နို့တစ်စာ ပေးပို့၇မည်။
၎။ အလုပ်ရုံမန်နေဂျာအဖြစ် ခန့်ထားခြင်းမရှိလျှင်        ပုဒ်မ ၈ (၄)
          လုပ်ငန်းပိုင်ရှင်ကိုပင် စက်ရုံမန်နေဂျာအဖြစ် မှတ်ယူရပါသည်။
၅။ အလုပ်ရုံကို ပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်လိုလျှင်  ပုဒ်မ ၈ (၄)
          လုပ်ငန်းရှင်အနေဖြင့် ပြန်လည်အလုပ်မလုပ်မီ (၁၅) ရက်အတွင်း နို့တစ်စာ ပေးပို့ရမည်။
၆။ လုပ်ငန်းခွင်အတွင်း အလုပ်ကြောင့် အလုပ်သမားများ မတော်တဆ ထိခိုက်မှု့ ဖြစ်ပွားလျှင်
          အလုပ်ရုံမန်နေဂျာအနေဖြင့် ပုံစံ(က) ဖြင့် နို့တစ်စာပေးပို့ရပါမည်။ သေဆုံးမှု့ဖြစ်ပါက နို့တစ်စာကို ဆောလျင်စွာ ပေးပို့ရပါမည်။ ပုဒ်မ (၅၃ )
၇။ လုပ်ငန်းခွင်ရောဂါဘယများ ဖြစ်ပွားလျှင်
          အလုပ်ရုံမန်နေဂျာ အဖြစ် နို့တစ်စာပေးပို့ရပါမည်။       ပုဒ်မ (၅၄ )
၈။ လုပ်ငန်းစတင်လုပ်ကိုင်တော့မည်ဆိုလျှင်                 ပုဒ်မ (၆၇)
          အလုပ်ရုံမန်နေဂျာအနေဖြင့် အလုပ်သမား၏အလုပ်ချိန် ဇယားမိတ္တူနှစ်စောင်ကို  ပေးပို့ရပါမည်။ အလုပ်ချိန်ဇယားတွင် အပြောင်းအလဲရှိတိုင်း အသစ်တဖန်ပေးပို့ရမည်။
၉။ အလုပ်သမားများနှင့် ပတ်သက် -                                ပုဒ်မ (၆၈)
          အလုပ်ရုံ၏မန်နေဂျာအနေဖြင့် အလုပ်သမား၏ အမည် ၊ အလုပ်အကိုင်နှင့် ပြဌာန်းသည့် အခြားအကြောင်းအရာများကို ဖေါ်ပြသော အလုပ်သမားမှတ်ပုံတင် စာအုပ်ပုံစံ (၂)ထားရှိရပါမည်။
၁၀။ အလုပ်ရုံကိုခေတ္တ /  အကန့်အသတ်မရှိ ပိတ်ထားလိုလျှင်         ပုဒ်မ ၈ (၆ )
          လုပ်ငန်းပိုင်ရှင်အနေဖြင့် မပိတ်မှီတစ်လကြိုတင်နို့တစ်စာပေးပို့ရပါမည်။ ထိုသို့မပို့နိုင်လျှင် မပိတ်မှီဆောလျှင်နိုင်သမျှ ဆောလျှင်စွာပေးပို့ရပါမည်။ မမျှော်လင့်ပဲ ရုတ်တရက်ဖြစ်ပေါ်လာသော အကြောင်းကြောင့် ပိတ်ပြီးချိန်မှ (၄၈ ) နာရီအတွင်း နို့တစ်စာ ပေးပို့ရမည်။
၁၁။ အချိန်ပိုလုပ်ကိုင်လိုလျှင်                                     ပုဒ်မ (၇၁ )
          အင်စပတ်တော်ချုပ်၏ ကြိုတင်ခွင့်ပြုမိန့် တောင်းခံရန် လိုအပ်ပါသည်။
၁၂။ အချိန်ပိုလုပ်ကိုင်ခြင်းနှင့် ပတ်သက်                     ပုဒ်မ (၇၃ )
          မှတ်ပုံတင်စာအုပ် ပုံစံ (ဆ) ထားရှိရမည်။
၁၃။ အလုပ်ရုံများသို့ အင်စပတ်တော်များ လာရောက်သည့်အခါ
          အင်စပတ်တော်တိုင်းသည် -       ပုဒ်မ (၁၁)
             (က ) အလုပ်ရုံအဖြစ် အသုံးပြုသည်ဟု ယုံကြည်ရန်အကြောင်းရှိသည့် မည်သည့်နေရာမဆို ၀င်နိုင်ပါသည်။ (Right of entry )
            (ခ) အဆောက်အအုံ ၊ စက်ကိရိယာ ၊ပြဌာန်းထားသည့် မှတ်ပုံတင်စာအုပ် ၊ အလုပ်ရုံ နှင့် သက်ဆိုင်သော အခြားစာချုပ်စာတမ်းများကို ကြည့်ရှုစစ်ဆေးနိုင်သည်။
            (ဂ) ဥပဒေအရ အပ်နှင်းထားသည့် အာဏာကိုသုံးစွဲနေသော အင်စပတ်တော်အား တမင်ဟန့်တားလျှင် ပြစ်ဒဏ်ကျခံရပါမည်။            ပုဒ်မ (၈၈)
             (ဃ)  အထက်ပါပြဌာန်းချက်များအရ ၊ အင်စပတ်တော်များ လာရောက်သည့်အခါ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းထင်ရှားနေပါသည်။

         




                   




         
         
        

                                                                           



   




No comments:

Post a Comment